
ရွှေတိဂုံစေတီတော်
စာရေးသူ - မင်းယုဝေ
အကျဉ်းချုပ်
နိုင်ငံတကာတွင် ရုပ်ပြစာအုပ်များကို ထုတ်ဝေရာ၌ သုံးမျိုးသုံးစား ထုတ်ဝေပါသည်။ ယင်းတို့တွင် ပထမအမျိုးအစားမှာ ကလေးသူငယ်များ ပျော်ရွှင်စေရန် ထုတ်ဝေသော ရုပ်ပြစာအုပ် မျိုး ဖြစ်ပါသည်။ ဒုတိယတစ်မျိုးမှာ စာပေဂန္ထဝင်မြောက် ဝတ္ထုကြီးများကို ဇာတ်လမ်းအကျဉ်းချုပ် ရေးဆွဲထုတ်ဝေသော ရုပ်ပြမျိုးဖြစ်ပါသည်။ ယင်းတို့ကို ဖတ်ရှုပြီး ကလေးသူငယ်များသည် ကြီးပြင်း လာသောအခါ ထိုဂန္ထဝင်စာအုပ်များကို ဖတ်ရှုလိုစိတ်များ ဖြစ်ပေါ်စေရန် မိတ်ဆက်ပေးသောရည် ရွယ်ချက်ဖြင့် ထုတ်ဝေသည်။ တတိယအမျိုးအစားမှာ ဗဟုသုတပေးသော သုတဆိုင်ရာ ရုပ်ပြမျိုး ဖြစ်ပါသည်။ ယခု “ရွှေတိဂုံစေတီတော် ရုပ်ပြ စာအုပ်မှာ တတိယအမျိုးအစားဖြစ်၍ သုတဆိုင်ရာ ရုပ်ပြတွင် အကျုံးဝင်ပါသည်။ ယခုထုတ်ဝေသော ရုပ်ပြစာအုပ်တွင် ရှေ့ပိုင်းအခန်းများကို ပန်းချီကိုဟန်ရွှေက သရုပ်ဖော် ရေးဆွဲခဲ့ပါသည်။ နောက်ပိုင်းတွင် အကြောင်းမညီညွတ်သဖြင့် ကိုဟန်ရွှေ မရေးဆွဲဖြစ်သောအခါ ပန်းချီကိုမြင့်ဆွေက နောက်ပိုင်းနှစ်ခန်းကို ဆက်လက်ရေးဆွဲပေးပါသည်။
စာမျက်နှာ
335
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
30.2 × 21.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး