
ဓလေ့သမိုင်းများ
စာရေးသူ - ရွှေကိုင်းသား
အကျဉ်းချုပ်
သမိုင်းဆရာ၊ ရာဇဝင်ဆရာတွေအားကိုးတဲ့ ကျောက်စာကို အများ ပြည်သူတွေပါ ကျောက်စာပညာနဲ့ ရင်းနှီးနေဖို့လိုတယ်လို့ ယူဆပြီး ဆရာတော်က “ရှေးဟောင်းပစ္စည်းရှာဖွေရေးဌာန” ဆိုတဲ့ ဆောင်းပါးမှာ အများပြည်သူနဲ့ ကျောက်စာဌာနကို နီးစပ်အောင် ဆက်စပ်ပေးခဲ့တယ်။ ရှေးမြန်မာစာ၊ မြန်မာစကားအကြောင်း ရေးသားခဲ့တဲ့အပြင် ရှေးမြန်မာစစ်တိုက်နည်းကိုလည်း ပုံနှင့်တကွသရုပ်ဖော်ခဲ့တယ်။ ကမ္ဘာပေါ်မှာ အယူဝါဒအသီးသီးရှိခဲ့တဲ့အနက် ရှေးအကျဆုံးဖြစ်တဲ့ နတ်ကိုးကွယ်ခြင်းအကြောင်းကိုလည်း ပုံများနဲ့တကွ ရှင်းလင်းဖွင့်ဆို ရေးသားခဲ့တယ်။ ပြတိုက်နည်းတဲ့ မြန်မာပြည်မှာ ရှိခဲ့တဲ့ပြတိုက်တွေ အကြောင်း၊ ပြတိုက်အခြေအနေတွေကိုလည်း ဝေဖန်ထောက်ပြခဲ့တယ်။ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ရှေးဟောင်းသီချင်းတွေကိုလည်း ဗုံကြီးသံတွေ၊ ကောက်စိုက်သီချင်းတွေမှာ ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ကာတွန်းတွေ ကတော့ ခေတ်ကာလအခြေအနေနဲ့ နိုင်ငံရေးခေါင်းဆောင်အမည်ခံ ပုဂ္ဂိုလ်ကြီးများကို တို့ထိ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
စာမျက်နှာ
296
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.1 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း