
တထာဂတုပ္ပတ္တိကျမ်း
စာရေးသူ - ဓမ္မနန္ဒထေရ်
အကျဉ်းချုပ်
တထာဂတုပ္ပတ္တိကျမ်း”ကို ပြုစုချိန်ကား ညောင်ရမ်း ၇ ဆက်မြောက် ရမည်း သင်းမင်း မင်းရဲကျော်ထင်-ဘုရင် လက်ထက်တော် ဖြစ်ပါသည်။ တိုင်းပြည်၌ စစ်မက်ရေး ငြိမ်သက်ချိန် ဖြစ်ပါသည်။ ဆရာတော်ပြုစုသော အခြားကျမ်းစာမူများကို မတွေ့ရပါ။ ပေမူ၌ မိမျိုးဖနွယ် ကိုလည်း ဖော်ပြမထားပါ။ မည်သည့်အရပ်နေ မည်သူမည်ဝါ၏ တောင်းပန်မှု ကြောင့် ပြုစုကြောင်းလည်း မပါပါ။ စကားပြေ အရေးအဖွဲ့၌ကား တိုရှင်းပြေပြစ်ပြီး၊ ဝါကျအား ကောင်းလှပါ သည်။ အချို့အရေးအဖွဲ့တို့၌ နိဿယနည်းကိုလည်း အလျဉ်းသင့်သလို ထည့်သုံး ထားပါသည်။ ဗုဒ္ဓဝင်စာပေအနေဖြင့်မူ တွေ့ရှိရသမျှ၌ “ရှေးအကျဆုံးမူအဖြစ် တွေ့ရှိရ ကြောင်း” ဒေါ်လွင်မာဦး၏ “ဗုဒ္ဓဝင်စကားပြေ ဖွံ့ဖြိုးတိုးတက်လာပုံ” ပါရဂူဘွဲ့ တင်သွင်းသောကျမ်းတွင် သုံးသပ်တင်ပြထားပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၂၅ နှစ်ခန့်က မြန်မာစကားပြေအဖွဲ့, ဗုဒ္ဓဝင်စာပေ အဖွဲ့ကို ပညာရှင်တို့အတွက် လေ့လာသုံးသပ်စရာ စိတ်ဝင်စားဖွယ် ကောင်းလှပါ သည်။ မြန်မာမင်းဆက်ခေတ်အရဆိုလျှင် ညောင်ရမ်းမင်းဆက်လက်ထက်တော် တွင် ဖြစ်ပါသည်။ အခြားသော ဗုဒ္ဓဝင်စာပေ အစောင်စောင်နှင့် ညှိချိန် ဆင်ခြင်ကြည့်ပါ ကလည်း စကားပြေ ရေးဖွဲ့တင်ပြမှုတွင် ပြေပြစ်ကျစ်လစ်လှကြောင်း တွေ့ကြရပါ မည်။
စာမျက်နှာ
494
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
26.5 × 19.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး