
ဗုဒ္ဓနည်းကျပြဿနာဖြေရှင်းနည်း
စာရေးသူ - အရှင်ဝိစိတ္တသာရ(သာသနာ့တက္ကသိုလ်)
အကျဉ်းချုပ်
ဒီစာအုပ်မှာ ကျမ်းပြုဆရာတော်ကြီးက ပြဿနာတွေ မဖြစ်အောင်၊ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင်၊ ငြိမ်းချမ်းစွာနေထိုင်တတ်အောင် ဗုဒ္ဓနည်းကျ တင်ပြထားတယ်။ ဗဟုသုတကြွယ်ဝတဲ့ ဆရာတော်ကြီးဖြစ်လို့ ဗုဒ္ဓဝါဒအပြင် တခြား ဒဿနဆရာကြီးတွေရဲ့ ဒဿနတွေကိုလည်း အလျဉ်းသင့်သလို ဌာပနာထား တယ်။ ဒီစာအုပ်ပါအတိုင်း လိုက်နာကျင့်သုံးနိုင်သလောက် လိုက်နာကျင့်သုံးမယ်ဆိုရင် ကျင့်သုံးသလောက် ဘဝမှာ အေးချမ်းမှုတွေ ရသွားမှာ သေချာတယ်။ လိုက်နာကျင်သုံး နိုင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဒီစာအုပ်ကို ပြုစုတော်မူတဲ့ ဆရာတော်ကြီးကို ဂါရဝရှေ့ထားပြီး အထူး ကျေးဇူးတင်ပါတယ်။ မူရင်းစာအုပ်နဲ့ ကျေးဇူးပြုတဲ့ တွံတေးမြို့နယ်၊ ရေတွင်းကုန်းရွာ၊ မြရတနာကျောင်းဆရာတော် သာသနာတက္ကသီလဓမ္မာစရိယ အရှင်ကောသလ္လB.A (Buddhism)၊ စံတော်ချိန်သတင်းစာမှာ အပတ်စဉ် ဥပုသ်နေ့တိုင်းဖော်ပြပေးတဲ့ စံတော်ချိန်သတင်းစာအယ်ဒီတာ အဖွဲ့နဲ့အတူ နဲတာများတာ အပထားပြီး ကူညီကြသူ အားလုံးကို ကျေးဇူးအထူးတင်ပါ ကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။
စာမျက်နှာ
266
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
22 × 14.5 cm
ISBN
978-9-997-13736-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး