
သရေခေတ္တရာ (သို့မဟုတ်) ပျူနိုင်ငံနိဒါန်း
စာရေးသူ - ကလောင်စုံ
အကျဉ်းချုပ်
စီစဉ်သူ၏ နိဒါန်းစကား
ကျွန်တော်သည် တရံရောအခါက မြန်မာပြည်အနှံအပြားရှိ မြိုဟောင်းများဆီ အလည်အပတ် သွားရောက်ခဲ့ဖူး သည်။ မြိုဟောင်းများသည် ညှိငင်အား ကြီးမားသည်။ စွဲဆောင်မှု အားကောင်းသည်။ မြိုဟောင်းထဲတွင် ခြေလျင်လျှောက်ရင်း မိုးရေစီးကြောင်းထဲ တင်ကျန်ရစ်ခဲ့သည့် အိုးခြမ်းပဲ့မှသည် အုတ်ကျိုးပဲ့များသည် ကျွန်တော့်ကို စိတ်ဝင်စားစရာဖြစ်စေခဲ့သည်။ အိုးခြမ်းပဲ့ပေါ်မှ ဒီဇိုင်းကိုကြည့်ပြီး သမိုင်းထဲက ဒီဇိုင်းစာအုပ်နှင့် တိုက်ဆိုင်ကြည့်ဖြစ်သည်။ အုတ်ခဲပေါ်မှ စာကိုကြည့်ပြီး မည်သည့်ခေတ်မှ အက္ခရာဖြစ်သည်ကို စူးစမ်းမိသည်။ လူတစ်ယောက်အတွက်သာမဟုတ်ဘဲ တစ်မျိုးသားလုံး အတိတ် သမိုင်းဝင် မြိုဟောင်းများကို စိတ်ဝင်စားလျှင် ဘယ်လောက်ကောင်းလိမ့်မည်နည်းဟု တွေးတောမိသည်။
ရှေးမြိုတော်ဟောင်းများထဲမှ ဟန်လင်းမှသည် ဗိဿနိုး၊ တကောင်းမှသည် သရေခေတ္တရာ၊ မိုင်းမောမှသည် ဝတီး မြိုဟောင်းဆီ တစ်နှစ်ပြီးတစ်နှစ် ခရီးထွက်ခဲ့ဖူးသည်။ သမိုင်းထဲမှ အချက်အလက်များနှင့် ပါးစပ်ရာဇဝင်များကို ကောက်သင်း ကောက် စုစည်းခဲ့ဖူးသည်။ ရာဇဝင်၊ သမိုင်း အတွေးရေအလျဉ်နဲ့အတူ မျော၍ မျော၍ ခရီးဆက်ခဲ့ပါသည်။ “မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်” ဆိုသော စကားကို မြိုဟောင်းကြီးများရောက်ပြီးနောက် သံဝေဂဖြစ်မိသည်။ ကျွန်တော့်အတွက်တော့ အတိတ်ကို လွမ်းဆွတ်ခြင်းသည် အနာဂတ်အတွက် အားဖြစ်စေသည်။ မြန်မာ့မာန်အတွက် တွန်းအားဖြစ်စေသည်ဟု ယူဆမိ သည်။ သိုသော်လည်း ကျွန်တော်သည် အတိတ်မြိုဟောင်းခရီးများကို ပစ္စုပ္ပန်ဝမ်းရေးအတွက် လျစ်လျူရှု ရပ်တန့်လိုက်ရ ပါသည်။
လွန်ခဲ့သော ခြောက်လခန့်က ပြည်မြိုတွင် မိတ်ဆွေတချိုနှင့် ဆုံတွေ့ ပြီး ပျူမြိုဟောင်း သရေခေတ္တရာ အကြောင်း ထွေရာလေးပါး ပြောဖြစ်ခဲ့သည်။ သရေခေတ္တရာမြိုဟောင်း၏ ကြီးကျယ်ခမ်းနားခဲ့ပုံနှင့် မြန်မာ့ယဉ်ကျေးမှု အဆက်အစပ် များကိုလည်း ဆွေးနွေးဖြစ်ခဲ့သည်။ သရေခေတ္တရာ၏ ဝိဉာဉ်သည် ကျွန်တော့်ထံ ကူးစက်လာသည်ဟု ထင်မိသည်။ အတိတ် ကာလက လည်ပတ်ခဲ့ဖူးသော မြန်မာ့မြိုဟောင်း ခရီးရှည်ကိုလည်း ပြန်တမ်းတမိသည်။
သမိုင်းအစဉ်အလာအရ ခြေရာကောက်ကောက်၊ ရှေးဟောင်းသုတေသနပညာအရ ခြေရာကောက်ကောက် သရေ ခေတ္တရာမြိုဟောင်းသည် ပြည့်စုံကုံလုံသော ရှေးမြိုကြီး၏ ခန့်ညားထယ်ဝါမှုကို သက်သေပြနိုင်ခဲ့သည်။ ယခုစာအုပ်သည်လည်းစာသက်သေအဖြစ် ကျန်ရစ်အောင် ထုတ်ဝေခြင်းဖြစ်ပါသည်။ ဤစာအုပ်ဖြစ်မြောက်ရေး မြောက်ရေးအတွက် တ္တရာအမွေအ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ (သရေခေတ္တရာ) ၏ အကူအညီသာလျှင် ပဓာနဖြစ်ခဲ့သည်။