
ကံ့ကော်ပွင့်သစ် (အထက်တန်းဆင့်)
စာရေးသူ - ဒေါက်တာရဲအောင်၊ ဦးဇော်မျိုးထွဋ်
အကျဉ်းချုပ်
အမှာစာ
အထက်တန်းအဆင့်ဖြစ်တဲ့ (ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်း ဖို့၊ အလေ့အလာများစေဖို့ ရည်ရွယ်ပြီး သည်စာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်ပါ ပုံစံသစ် စာစီစာကုံးတွေကို ရေးသားဖြေဆိုတဲ့နေရာမှာ အထောက်အကူဖြစ်စေ တယ်။ စာစီစာကုံးအရေးအသားဟာ စာပေရေးသားပုံ အလေ့အကျင့်ကောင်း ကို ဖြစ်စေသလို၊ ကိုယ်ကိုယ်တိုင် တွေးခေါ်ရေးသားရလို့ ကိုယ့်ရဲ့တစ်ဦးချင်း စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ကိုယ့်ရဲ့အစွမ်းအစကို ကိုယ့်ရဲ့ရေးသား လေ့ကျင့်မှုအပေါ်မူတည်ပြီး ကိုယ်တိုင်မြင်တွေ့နိုင်စေပါတယ်။
မေးခွန်းမှာပေးထားတဲ့ ပုံကြမ်းအချက် ၅ ချက်ဟာ အရေးကြီးပြီး အချက် တစ်ချက်ချင်းစီကို ဆက်စပ်ရေးသားရသလို ကောင်းမွန်တဲ့ စာတစ်ပုဒ်ဖြစ်လာ စေဖို့ စ၊ လယ်၊ ဆုံး ညီညွတ်အောင် ရေးသားရပါတယ်။ မိမိရဲ့ရေးသားနိုင်စွမ်း အပေါ် မူတည်ပြီး ပုံစံသစ် စာစီစာကုံးကောင်းတစ်ပုဒ် ဖြစ်လာနိုင်စေပါတယ်။ သည်စာအုပ်မှာပါဝင်တဲ့ စာစီစာကုံးတွေကို ဖတ်ရှုလေ့လာပြီး ကိုယ်တိုင်စာစီ စာကုံးတွေကို ရေးသားတဲ့အခါ စာပိုဒ် ၅ ပိုဒ်ပဲ ရေးသားရမယ်ဆိုတာ သိထား ရပါမယ်။ စာမေးပွဲမှာ စာစီစာကုံးဖြေဆိုတဲ့အခါ အချိန်ဟာ အရေးကြီးတဲ့အတွက် စာတစ်ပိုဒ်ကို ၅ မိနစ်နှုန်းပဲ ရပါမယ်။ ဒါကြောင့် များများလေ့ကျင့်ရေးသားထား ဖို့ အကြံပြုလိုပါတယ်။
စာပေအရေးအသားဟာ ဖတ်ရှုလေ့လာရုံနဲ့ မပြီးဘဲ ရေးသားမှုအလေ့ အကျင့်များများလိုတယ်ဆိုတာ လက်တွေ့ရေးသားရင်း သိလာမှာဖြစ်တဲ့အတွက် သည်စာအုပ်မှာ ပါဝင်တဲ့ စာစီစာကုံးတွေကို ဖတ်ပါ၊ ပြီးရင် ရေးသားလေ့ကျင့် ကြပါလို့ တိုက်တွန်းရပါတယ်။
ဒေါက်တာရဲအောင်
ဦးဇော်မျိုးထွဋ်(မြန်မာစာ)
စာမျက်နှာ
158
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
12.5 × 21 cm
ISBN