
မြန်မာမင်းများလက်ထက် ရတုများ (ပ + ဒု + တ)
စာရေးသူ - ကိုရွှေသိမ်းမင်း
အကျဉ်းချုပ်
မြန်မာမင်းများလက်ထက်ရတုများစာအုပ်ကို ဒုတိယအကြိမ် ရိုက်ရမည့် စာအုပ်အဖြစ် မမျှော်လင့်ခဲ့ပါ။ အားပေးသူတို့ ပထမအကြိမ်ထုတ်ကုန်ခဲ့ပြီး စုဆောင်းလိုသူတို့အာသီသကြောင့်သာ ဒုတိယအကြိမ်ကို ထပ်ရိုက်ဖြစ်ခြင်း ပါ။ မြန်မာရိုးရာကဗျာများအပေါ် တန်ဖိုးထားမှုအတွက် ရပါသည်။ သို့သော် မချိတင်ကဲဝမ်းသာရခြင်းမျိုးပါ။ တစ်ချိန်က စလို တော်များရတုပေါင်းချုပ်, နဝဒေးရတုပေါင်းချုပ်စသောစာအုပ်မျိုးကို တစ် ကြိမ်ရိုက် အုပ်ရေ ၂ဝဝဝ-၃ဝဝဝ စသည်ဖြင့် ၂ ကြိမ်-၃ ကြိမ် ရိုက်ရ သည့် ယခင်နှစ် ၆ဝ ကျော်ကာလများနှင့် ယှဉ်မိလို့ပါပဲ။ မြန်မာာပေ မြန်မာယဉ်ကျေးမှု မြန်မာရှေးကဗျာများအပေါ် ၄-၅ ဆမက စိတ်ဝင်စားမှု လျော့နည်းသွားသည်ကို ၂ ဆ-၃ ဆ တိုးပွားလာသောလူဦးရေနှင့်ယှဉ် မိကာ မချိတင်ကဲဝမ်းသာရခြင်းမျိုးပါ။ ... နဝဒေး-စာ ၁၂၅ နဂါးနှင့်နေ”ချီပိုဒ်စုံရတုသည် `နတ်ရှင်နောင်စာ(ရတု) ဖြစ်ကြောင်းကို ပန်းရွှေပြည်စာအုပ်တိုက်ထုတ် “တွင်းသင်းဝန်ကြီး မဟာ ရာဇဝင်သစ်-စာ ၄၈၃-၄၈၄ ၌ ရတုစာကိုယ်ကို ရှင်းချက်များနှင့်တကွ တွင်းသင်းဝန်ကြီးဦးထွန်းညိုက ဖော်ပြထားပါသည်။ ... “နောက်တွေ့ရတုများ” ကို “မြန်မာမင်းများလက်ထက်ရတုများ-တတိယ အုပ်” တွင် နောက်ဆက်တွဲအဖြစ် ဖော်ပြပေးထားပါသည်
စာမျက်နှာ
470
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
26.5 × 19.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ရတု
အမျိုးအစားခွဲများ
မြန်မာ့ရတု