
သောတာပန်
စာရေးသူ - ဒဂုန်ဦးစန်းငွေ
အကျဉ်းချုပ်
ဤစာအုပ်သည် ရခဲလှသော လူ့ဘဝကြီးတွင် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက် မပြုနိုင်ခင်စပ်ကြား အပါယ်တံခါးပိတ်သော သောတာပန်ဖြစ်ကြောင်းတရားကို ရိုးရှင်းလွယ်ကူစွာ တင်ပြထားသော စာအုပ်ဖြစ်သည်>သောတာပန်ဖြစ်လိုသူသည် ရှေးဦးစွာ ဆရာကောင်းကို ရှာရာသည်။ လောကီ အလုပ်၌ ဖြစ်စေ၊ လောကုတ္တရာအလုပ်၌ ဖြစ်စေ ဦးဆောင်ညွှန်ကြားပြသသူ ဆရာ သည် လွန်စွာ အရေးကြီးလှသည်။ ဆရာက မှန်ရာကို ညွှန်ပြလျှင် သောတာပန် နိုင်လိမ့်မည်။ ဆရာက အမှားကို ညွှန်ပြလျှင်ကား သောတာမပန်နိုင်ဘဲ ဖြစ်နေမည်။ ပြီးလျှင် ရုပ်ဓာတ်၊ နာမ်ဓာတ်၊ ခန္ဓာဓာတ်၊ ပရမတ်တရားတို့ကို ထင်းခနဲ၊ လင်းခနဲ ဉာဏ်မျက်စိထဲတွင် ထင်လာ၊ မြင်လာအောင် အသင့်အတင့် နှလုံးသွင်းနိုင်ရမည်၊ ငါ ငါဆိုသောအတ္တစွဲကိုစွန့်လွှတ်နိုင်ရမည်ဆိုသည့်အချက်များကို ရှင်းလင်းဖော်ပြထား သည်။ သောတာပန်၏ အင်္ဂါရပ်များ၊ သောတာပန်ဖြစ်ကြောင်း အကြောင်းတရားများ၊ သောတာပန်အမျိုးအစားနှင့် ဘဝအပိုင်းအခြား၊ သောတာပန်တို့၏ ပယ်ပြီးသော တရားများ၊ သောတာပန်ဖြစ်ရန် အကျင့်အကြံ၊ သောတာပန်ထွက်ပေါက်မရအောင် ကာဆီးထားသော တံတိုင်းကြီးများဟူ၍ အသေးစိတ် ဖော်ပြထားသည်။ ထို့ပြင် ဝေဘူဆရာတော်ဘုရားကြီး၏ သောတာပန်တရားတော်ကိုလည်း အပြည့်အစုံ ထည့်သွင်းဖော်ပြထားသည်။
စာမျက်နှာ
206
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21.5 × 14.2 cm
ISBN
978-9-998-65107-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး