
ကျွန်တော့်ဘဝဇာတ်ကြောင်း-၂
စာရေးသူ - သော်တာဆွေ
အကျဉ်းချုပ်
ကိုယ့်အတ္ထုပ္ပတ္တိ စာအုပ်ကို နာမည်ပေးရာတွင် ဆရာကြီး ပီမိုးနင်းက စပြီး “ပီမိုးနင်း၏ ပီမိုးနင်း”၊ ‘မဟာဆွေ၏ မဟာဆွေ”၊ “ဒဂုန်တာရာ၏ ဒဂုန်တာရာ” ဒဂုန်တာရာ” စသည်ဖြင့် မှည့်ခေါ်ခဲ့ကြရာ ကျွန်တော့်အဖို့တော့ ‘သော်တာဆွေ၏ သော်တာဆွေ”မလုပ်လိုတော့ပေ။ သူများနောက်လိုက် ဖြစ်မှာ စိုးလို့လား။ဟုတ်ပါဘူး။။ကျွန်တော့်အတွက် “သော်တာဆွေ၏ သော်တာ ဆွေ” မလုပ်လိုသည်ကတော့ ကျွန်တော်သည် ကိုယ့် ကိုယ်ကို သော် သော်တာဆွေ ဇာတ်လိုက် လုပ်၍ မြောက်မြား စွာသော ဟာသဝတ္ထုတွေ (ဥပမာ ကျွန်တော် ပန်းချီ ဆရာ၊ ကျွန်တော် ရုပ်ရှင်မင်းသား၊ ကျွန်တော် ပြဇာတ် မင်းသား၊ ကျွန်တော် ဝိတ်တာဆွေ၊ ကျွန်တော်တို့ ဓားပြ တိုက်ခဲ့စဉ်က စသည်ဖြင့်) ရေးခဲ့ရကား ၎င်းတို့ကို စုပေါင်း ထုတ်ဝေမှသာလျှင် သော်တာဆွေ၏ သော်တာ ဆွေများ”ဟု အမည်တပ်သင့်သည် ထင်ပါသောကြောင့်။ ယခု အတ္ထုပ္ပတ္တိ စာအုပ်ကို အမည်ပေးရန် စဉ်းစားနေ စဉ် “ချစ်ချစ်သမျှ ဇာတ်ကြောင်းကိုကွယ် ထပ်လောင်းကာ ပြောစမ်းချင်တော့တယ်”ဟူသော သီချင်းသံသည် ကျွန်တော့်နားထဲ ကြားယောင်လာသဖြင့် ကျွန်တော့် ဘဝမှာ ချစ်သူတွေလည်း များစွာပါဝင်နေ၍ “ကျွန်တော့် ဘဝ ဇာတ်ကြောင်း” ဟူ၍ အမည်ကို သလိုက်ပါ၏။
စာမျက်နှာ
488
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
27 × 19.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အတ္ထုပတ္တိ
အမျိုးအစားခွဲများ
သုတ