
သိပ္ပံခေတ်နှင့်ဗုဒ္ဓ၏အစိန္တေယျတရား
စာရေးသူ - နှစ်ဖက်လှဦးကျော်လွင်
အကျဉ်းချုပ်
အရေးအကြီးဆုံး အချက်မှာ မည်သည့်ကိစ္စကို လေ့လာသည် ဖြစ်စေ ယနေ့ လူ့ လောက ကောင်းကျိုးအတွက် ဦးတည်သင့်ပေသည်။ ဤအချက်သည် လူ၏ ကိုယ်ကျင့် တရား ကောင်းမွန်ရေးကို အကျိုးပြုသလား၊ အသိဉာဏ် ဗဟုသုတနယ်ကို ဆန့်ထုတ် ပေးသလား၊ စားဝတ်နေရေး၊ ဘဝရပ်တည်ရေးကို ထောက်ကူသလား ဤသို့ ရှုမြင်ရန် ဖြစ်ပေသည်။ လေ့လာသူအတွက် ပို၍ အရေးကြီးသောအချက်မှာ မိမိ လေ့လာရရှိချက် တို့ကို မိမိ ကိုယ်တိုင် အသုံးချဖြစ်ဖို့ လိုသည်။ အကျိုးရှိလျှင်၊ ကောင်းလျှင် သူတစ်ပါးအား လည်း 'ငှ’ဖို့ လိုသည်။ သို့မှသာ အတ္တ၊ ပရ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါသည်။... . . ယခုခေတ်တွင် ဗုဒ္ဓအပေါ်၌ လည်းကောင်း၊ ဈာန်အဘိညာဉ် အပေါ်၌ လည်း ကောင်း၊ ကံ ကံ၏ အကျိုး၌ လည်းကောင်း၊ ၃၁ ဘုံဝါဒ၌ လည်းကောင်း ယုံကြည်မှု လျော့ရဲသူများ တိုးပွားနေပါသည်။ ယင်းသို့ တိုးပွားခြင်းမှာ ထိုအချက်တို့အပေါ် မသိသူ များလာ၍ ဖြစ်ပါ သည်။ မသိသူ များလေလေ မယုံကြည်သူတိုးလေဖြစ်ပါသည်။မသိမှုသည်အခရာဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်း၏ လက်ထဲသို့ အလွယ်တကူ ရောက်နိုင်ပါစေရန် ရည်သန်လျက် အစိန္တေယျဋီကာသဖွယ်ဖြစ်သောဤကျမ်းစာကိုပြုစုတင်ပြလိုက်ပါသည်။ လူဖြစ်နေခိုက် လူ့ဘဝတွင်ရှိနေသောအသိဉာဏ်ရတနာများကို တွေ့ရခြင်းသည်အခွင့် ဖြစ်ပါသတည်း
စာမျက်နှာ
256
ပုံစံ
Paperback
ထုတ်ဝေသူ
စာနဒီစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး