
အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ
စာရေးသူ - ဂျူး
အကျဉ်းချုပ်
"အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ” စာအုပ်သည် လူသားတို၏ စိတ်အခံတွင် ရှိတတ်သော အမုန်းတရားအမျိုးမျိုးနှင့် ယင်းတိုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို အက်ဆေးများဖြင့် တင်ပြထားသော စာအုပ်ဖြစ်သည်။ အမုန်းတရားသည် စိတ်ခံစားမှုတစ်ခုသာ ဖြစ်သော်လည်း လက်တွေ့တွင်မူ လူမျိုးရေး၊ ဘာသာရေး၊ လိင်ကွဲပြားမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုများအပေါ် အခြေခံကာ ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအထိ တွန်းအားပေး လုပ်ဆောင်စေတတ်ကြောင်းကို အမေရိကန်ရှိ လူမျိုးရေးရာဇဝတ်မှုများနှင့် ကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်များကို သာဓကပြု၍ ရေးသားထားသည်။ စာရေးသူက အမုန်းတရားကို ခွဲခြမ်းစိတ်ဖြာရာတွင် အမုန်းခံရသူ၏ နာကျင်မှုနှင့် ကျူးလွန်သူ၏ ရက်စက်မှုကို နှိင်းယှဉ်ပြထားပြီး၊ တစ်ဦးတစ်ယောက်ချင်းအကြားရှိသော အမုန်းထက် အုပ်စုလိုက်ဖြစ်ပေါ်လာသော အမုန်းသည် စစ်ပွဲများအဖြစ်သို ကူးစက်သွားတတ်ကြောင်း သတိပေးထားသည်။ ထိုပြင် စစ်ပွဲနှင့် ပဋိပက္ခများ၊ ဘဝနှင့် ရှင်သန်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လူ့အဖွဲအစည်းဆိုင်ရာ အယူအဆများကိုပါ ထည့်သွင်းဆွေးနွေးထားကာ၊ အမုန်းတရားများကို နားလည်သဘောပေါက်ပြီး ကျော်လွှားနိုင်မှသာ ပိုမိုကောင်းမွန်သော လူ့အဖွဲအစည်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တင်ပြထားသည်။
"ကျူးလွန်သူ၏ အမုန်းက ကြောက်ခမန်းလိလိ ဆိုးဝါးသည်။ သားကောင်တွေထဲမှ အသက်ရှင်ကျန်ရစ်သူတွေ၏ အမုန်းက တရားမျှတသည်။ အကြီးအကျယ် ချေမှုန်းသတ်ဖြတ်ခံလိုက်ရသော Holocaust အဖြစ်အပျက်ကြီး အပြီး၌ ဂျူးလူမျိုးတွေသည် ဂျာမန်တွေအပေါ် အမုန်းမှတစ်ပါး အခြား ဘာခံစားချက်ဖြင့် ရင်ဆိုင်နိုင်ပါမည်နည်း.."
စာမျက်နှာ
185
ပုံစံ
Paperback
ထုတ်ဝေသူ
ဂျူးစာပေ
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
13 × 21 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
သုတ၊ ရသ