
ဦးမြဟန်၏လက်ရွေးစဉ်စာတမ်းများ
စာရေးသူ - ဦးမြဟန်
အကျဉ်းချုပ်
ဂျပန်နိုင်ငံရှိ မြန်မာလေ့လာမှုများ” “ဂျပန်လေ့လာရေး မြန်မာနိုင်ငံ (၁၉၁၀-ခုနှစ်၊ 1948)" စာတမ်းများမှာ မြန်မာနိုင်ငံတွင် ဂျပန်ဘာသာကိုလေ့လာပုံ၊ ဂျပန်နိုင်ငံတွင် မြန်မာဘာသာ ကို လေ့လာပုံတို့ကို နှိုင်းယှဉ်လေ့လာတင်ပြထားသော စာတမ်းများဖြစ်သည်။ ယင်းစာတမ်းများကို စာရေးသူသည် ဂျပန်နိုင်ငံသို့ ကိုယ်တိုင်သွားရောက်လေ့လာပြီး သုတေသနပြုထားခြင်းဖြစ်သဖြင့် ဂျပန်-မြန်မာဆက်ဆံရေးသမိုင်းကို လေ့လာသူများအတွက် အကျိုးရှိစေမည့် စာတမ်းများဖြစ်သည်။ ဦးမြဟန်၏ လက်ရွေးစင်စာတမ်းများစာအုပ်၏ ထူးခြားချက်မှာ ပူရင်းအထောက်အထား များကိုပါ ပူးတွဲထည့်သွင်းပေးထားသဖြင့် ဆက်လက်လေ့လာလိုသူ သုတေသီများအတွက် လွန်စွာ အကျိုးများခြင်းပင်ဖြစ်သည်။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် တစ်ဆက် တစ်စပ်တည်းသော မြန်မာ့သမိုင်းပြုစုရေးအတွက် မြန်မာသမိုင်းအဖွဲ့ဝင်ပညာရှင်များ၏ လက်ရွေးစင် စာတမ်းများကိုစုစည်းပြီး စာအုပ်များထုတ်ဝေလျက်ရှိရာ ဦးမြဟန်၏လက်ရွေးစင်စာတမ်းများစာအုပ် သည်လည်း ယခင်ထုတ်ဝေပြီးဖြစ်သော စာအုပ်များနည်းတူ သမိုင်းဘာသာရပ်ကို လေ့လာသူ စာဖတ်ပရိသတ်အတွက် အကျိုးရှိစေမည့်စာအုပ်ဖြစ်ကြောင်း အလေးအနက်ယုံကြည်ပါသည်။
စာမျက်နှာ
156
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.2 × 17.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
စာတမ်းများ