
အလင်္ကာပန်းကုံး
စာရေးသူ - အရှင်ကုမာရ
အကျဉ်းချုပ်
အဟံ-စာပေလမ်းမှန်, ဆန်းသစ်ရန်ဖို့, ရည်သန်ကြိုးကုတ်, အကျွန်ုပ်သည်၊ ဒတ္ထု- ရဝေနှိုင်းတန်, စာဗိမာန်ကို, ရောင်လျှံတင်မွမ်း, ဤအလင်္ကာပန်းကုံးကျမ်း၌၊ သဒ္ဒန္တာ-ကင်းလွတ်သတိ, မေ့လျော့ဘိ၍သော်လည်းကောင်း၊ ဘမန္တော- ထိုထို ဒါဤ. အလီလီထွေပြား, စိတ်ချောက်ချား၍သော်လည်းကောင်း၊ ယံ ခလိတံဝစော-ယုတ္တိကင်းလွတ်, အကြင်ဖောက်ပြန်ယွင်းချွတ်သော စကားရပ်ကို၊ သစေ ဝဒေ-အကယ်ရေးသား, ဆိုမိမှားအုံ၊ ဧဝံ- ပုထုဇဉ်အမိုက်မို့, စရိုက်အားလျော်စွာ, ဤကဲ့သို့ ဆိုင်ခဲ့ပါသော်၊ ဒယာဝန္တော-ကိုယ်ချင်းစာတရား, လက်ကိုင်ထားလျက်. သနားကရုဏာ, ရှိကြပါကုန်သော၊ သရန္တာ-ဣဿာကင်းစင်, မေတ္တာဝင်လျက် ဝမ်းတွင် ကိန်းအောင်း, စိတ်မြတ်စိတ်ကောင်းရှိကြကုန်သော၊ ဓီရာ-စာမှာမွေ့လျော် စာမှာပျော်ပါး, သုတများသည့်. ရဟန်းရှင်လူအများတို့သည်၊ မေ-ဉာဏ်သိမ် သေနတ်, အကျွန်ုပ်၏၊ တံ ဝစော- ယုတ္တိကင်းလွတ်, ထိုဖောက်ပြန်ယွင်းချွတ်သော စကားရပ်ကို၊ သောယေန္တု-ဤချို့ယွင်းချက်, ငါ့အတွက်ဟု, အားတက်ဝမ်းသာ. သုတ်သင်ပြင်ဆင် နိုင်ကြပါစေကုန်သတည်း၊ ဝါ-အပြစ်မတင်, အချစ်ဝင်လျက်, ပြင်ဆင်၍သာ, ရူနိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ
475
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
25 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး