
မြန်မာအက်ဆေးသမိုင်း
စာရေးသူ - လေးကိုတင်
အကျဉ်းချုပ်
မြန်မာအက်ဆေး၊ သို့မဟုတ်-ရသစာတမ်းများသည် ဆရာဇော်ဂျီ၏ “ကံ့ကော်မြိုင်စာတမ်း အမှာစာ”အောက်မှ ဖွားမြောက်လာသည်ဟု ထင်မြင် ယူဆသူများတွင် ကျွန်တော်လည်း ပါဝင်ပါသည်။ သို့ရာတွင်၊ ကြည်ဇော်အေး၊ ဒီနိုဗို၊ နေမျိုး၊ ဆန်းလင်းထွန်း (အင်္ဂလိပ်ဘာသာ)တို့၏ အက်ဆေးများသည် “ကံ့ကော်မြိုင် စာတမ်း”ပါ အက်ဆေးများနှင့် မတူတော့ပြီ။ ကွဲပြားသွားပြီ။ အက်ဆေးအရေးအသား၏ ချစ်စရာကောင်းပုံ တစ်ခုမှာ မည်သူမဆို ချဲ့ထွင် ခွင့်၊ စမ်းသပ်ရေးသားကြည့်ခွင် ရှိခြင်းပဲဖြစ်ပါသည်။ စာရေးဆရာ လေးကိုတင်၊ အသက်ရှစ်ဆယ် ပြည့်ပေရော့မည်။ အချိန်ပို ရရှိမည်ဆိုပါက ယခုထက်ပို၍ ပြည်စုံသော၊ ပို၍စနစ်တကျသော မြန်မာအက်တေးသမိုင်းကို ပြုစုစေချင်သေးသည်။ သို့သော်၊ အဖိုးအိုတစ် ယောက်ကို ကျွန်တော်က ခုထက်ပို၍ မတောင်းဆိုသင့်တော့ပြီ။ အက်ဆေး ခရီးသည်ကြီးခမျာ ခရီးပန်းရှာ ရော့မည်။ အက်ဆေးစာပေကို စိတ်ဝင်စားသူများ၊ ဘွဲ့ယူကျမ်းပြုသူများအနေဖြင့် ဆရာလေးကိုတင်၏ “မြန်မာအက်ဆေးသမိုင်း”စာအုပ်သည် တစ်စုံတစ်ရာ အထောက်အကူ ရနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
စာမျက်နှာ
204
ပုံစံ
Paperback
ထုတ်ဝေသူ
အရှေ့အိမ်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 15.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
Essay