
ဝိသုဒ္ဓါရုံ မြောင်းမြဆရာတော် နှင့် ဗုဒ္ဓမြတ်စွာသာသနာ (ပဉ္စမအကြိမ်)
စာရေးသူ - အရှင်ကုမာရ
အကျဉ်းချုပ်
နောင်တစ်ချိန်မှာ သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် မည်မျှပင် သဒ္ဓါတရားထက်သန်၍ မည်မျှပင် သာသနာစိတ်ပြင်းထန်စေကာမူ မြောင်းမြဆရာတော်ဘုရားကဲ့သို့ သာသနာပြုပုံနည်းစနစ်ကို ဆရာသမားများထံမှ မရရှိပါက သာသနာပြုနိုင်ကြမည် မဟုတ်ပါ၊ ဗုဒ္ဓဘာသာ ဒကာ ဒကမများလည်း မည်မျှပင် သဒ္ဓါတရားရှိ၍ မည်မျှပင် သာသနာရေးကို အားပေးစေလိုကာမူ မှန်ကန်သော နည်းလမ်းညွှန်ပြမှုကို မရရှိပါက အားပေးမှုလွဲမှာ.. သာသနာဖျက် သဘောသို့ပင် သက်ရောက်သွားနိုင်ပါသည်။ သို့ဖြစ်၍ ရဟန်းတော်များအတွက်လည်း နည်းမှန်လမ်းမှန် ကျယ်ပြန့်သန့် ရှင်းစွာ သာသနာပြုပုံပြုနည်းကို ရရှိစေရန်, ဒကာ ဒကမများအတွက်လည်း မှန်ကန် တိကျစွာ သာသနာရေးကို အားပေးတတ်စေရန် ရည်သန်လျက် မြောင်းမြဆရာတော် ဘုရား၏ မူဝါဒများနှင့် သာသနာပြုလမ်းစဉ်များကို စွမ်းအားရှိသမျှ ကြိုးစား တင်ပြထားပါသည်။ ဆရာတော်ဘုရား၏ မူဝါဒများနှင့် သာသနာပြုလမ်းစဉ်များကို ကျင့်သုံး လိုက်နာလျက် နည်းမှန်လမ်းမှန် ကျယ်ပြန့်သန့်ရှင်းစွာ သာသနာပြုနိုင်သော ရဟန်း တော်များ, သာသနာရေးကို နည်းမှန်လမ်းမှန် အားပေးကူညီထောက်ပံ့တတ်သော သာသနာပြုဒကာ ဒကမများ ဆက်ကာဆက်ကာ ပေါ်ထွက်လာပါက အပင်ပန်းခံ ရေးသားရကျိုးနပ်ပြီ-ဟု ယူဆကြမည် ဖြစ်ပါသည်။
စာမျက်နှာ
536
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
25.8 × 19 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး