
သမိုင်းထဲက ဒီဇိုင်း
စာရေးသူ - ဒေါက်တာသန်းထွန်း
အကျဉ်းချုပ်
ပျူခေတ် ကျောက်စာဆိုရင် သင်္ချိုင်းစာ တွေပဲ ရှိပါတယ်။ ဆိုလိုတာက ဘယ်မင်းဟာ ဘယ်တုန်းက နတ်ရွာ စံတယ်ဆိုတာမျိုးပဲ ရေးပါတယ်။ ဒီလို ခပ်တိုတိုရေးပေမဲ့ မင်းစဉ်မင်း ဆက်စာရင်းတစ်ခု (ဘယ်ခေတ်ဘယ်အခါက မင်းဖြစ်ခဲ့တယ်ဆိုတဲ့ ရက်စွဲ) ထွက်လာပါတယ်။ အဲဒီမှာ အံ့သြစရာတစ်ခုက ဦးကုလား ရာဇဝင်ကြီးမှာ ပါတဲ့ မင်းဆက်၊ မှန်နန်းရာဇဝင်မှာပါတဲ့ မင်းဆက်တွေ နဲ့ မတူတာကို တွေ့ရတယ်။ အမှန်က ရှေးလူတွေဟာ “ငါတို့ရဲ့ အခု ရှင်ဘုရင်ဟာ ကမ္ဘာဦးမဟာသမ္မတက တိုက်ရိုက်ဆင်းသက် တယ်” ဆိုတဲ့ ဂုဏ်ကိုမင်ပြီး အဲဒီသဘောသွားကို မရရအောင် ရေး သားပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘိုးတော်ဘုရားက တွင်း သင်းတိုက်ဝန် ဦးထွန်းညိုကို “ကျောက်စာတွေနဲ့ ညှိစမ်းပါဦး” လို့ ခိုင်းတာဖြစ်တယ်။ ဒီလိုခိုင်းပေမဲ့ “ကျောက်စာတွေကလည်း ထိပ်ပိုင်း မှာ မမှန်တာတွေရေးတယ်” လို့ မပြောဝံ့လို့ ထင်ပါတယ်။ ညှိတိုင်းစာ-၉- အရာမရောက်ပါ။ ကျောက်ထက်အက္ခရာတင်တိုင်း ရိုးသားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို တကယ်တိုက်ဆိုင် စစ်ဆေးတဲ့အခါ တွေ့လာပါတယ်။ အဲဒီအခါ “ငါတို့ အမျိုးအကြောင်းဖြစ်လို့ ကြွားရေး မယ်၊ ညှာရေးမယ်” မဖြစ်အောင် သိပ်ပြီး သတိထားရပါတယ်။
စာမျက်နှာ
249
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
978-9-997-13554-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း