
ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်
စာရေးသူ - နတ်နွယ်
အကျဉ်းချုပ်
ဤစာအုပ်သည် နာမည်ကျော်ပြင်သစ်စာရေးဆရာ Jules Verne ရေးသားသည့် "Around the World in Eighty Days" ကို စာရေးဆရာ နတ်နွယ် က မြန်မာဘာသာသို့ "ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်" အမည်ဖြင့် ပြန်ဆိုထားခြင်းဖြစ်သည်။၁၈၇၂ ခုနှစ်၊ လန်ဒန်မြို့တွင် နေထိုင်သည့် စည်းကမ်းကြီးပြီး တည်ငြိမ်လွန်းသူ သူဌေးကြီး Phileas Fogg သည် သူ၏ Reform Club မှ မိတ်ဆွေများနှင့် စိန်ခေါ်ရာမှ ဇာတ်လမ်းစတင်ပါသည်။ ထိုခေတ်ကာလ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ကမ္ဘာတစ်ပတ်ကို ရက်ပေါင်း ၈၀ အတွင်း ပတ်နိုင်သည်ဟု Fogg က အခိုင်အမာဆိုကာ သူ၏ ပိုင်ဆိုင်မှုတစ်ဝက် (ပေါင် ၂၀,၀၀၀) ကို အလောင်းအစားပြုလုပ်ခဲ့သည်။Fogg သည် လန်ဒန်သို့ ပြန်ရောက်ချိန်တွင် သတ်မှတ်ချိန်ထက် ၅ မိနစ်ခန့် နောက်ကျသွားပြီဟု ထင်မှတ်ကာ ရှုံးနိမ့်ပြီဟု ယူဆခဲ့သည်။ သို့သော် သူသည် ကမ္ဘာကို အရှေ့ဘက်သို့ ဦးတည်ပတ်ခဲ့သဖြင့် ရက်စွဲမျဉ်း (Date Line) ကို ကျော်ဖြတ်ရာတွင် အချိန်တစ်ရက် အမြတ်ထွက်ခဲ့သည်ကို နောက်ဆုံးမိနစ်တွင် သတိပြုမိသွားသည်။ ထို့ကြောင့် သူသည် အလောင်းအစားကို အောင်မြင်စွာ အနိုင်ရရှိသွားခဲ့ပါသည်။
စာမျက်နှာ
120
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20.8 × 13.5 cm
ISBN
987-9-997-13432-5
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာပြန်ဝတ္ထု
အမျိုးအစားခွဲများ
Classic