
ဘုံ ဘဝမှာဖြင့်
စာရေးသူ - သခင်တင်မြ
အကျဉ်းချုပ်
ဤစာအုပ်သည် စာရေးသူတွေ့ကြုံသမျှကို နောက်ကြောင်းပြန် ပြောပြထားသောစာအုပ်သာ ဖြစ်ရ ကား မပြည့်မစုံသောအကြောင်းအချက်များစွာကို တွေ့ရပေလိမ့်မည်။ ဥပမာတစ်ခုဆောင်ရသော် ကျွန်တော် တို့တစ်တွေ ကွန်မြူနစ်ပါတီ စတင်တည်ထောင်ပုံကို သခင်စိုးထံမှ ကြားရသမျှဖြင့် အရင်းခံရေးသားထားခြင်း ဖြစ်သည့်အတွက် မပြည့်စုံနိုင်ပေ။ တည်ထောင်ရန် စတင်ပြင်ဆင်ရာတွင်ပါဝင်ခဲ့သော သခင်သန်းထွန်း, သခင်ကျော်စိန်နှင့် ကျွန်တော်တို့သည် တကယ်တည်ထောင်သောအခါ မပါခဲ့ချေ။ ဘာကြောင့် ဘယ်သို့ ဖြစ်ရသည်ကို ကျွန်တော်တို့ဘက်မှ ပြောစရာရှိပေသေးသည်။ ထို့အတူပင် အခြားသူများမှာလည်း ပြောစရာ ရှိကြလိမ့်မည်။ အားလုံး စုဆောင်းလိုက်သောအခါမှ ပြည့်စုံသောပုံကားချပ်တစ်ခု ထွက်ပေါ်လာနိုင်ပေသည်။ သခင်တင်မြ၏ “ဘုံဘဝမှာဖြင့်”သည် နောက်ကြောင်းပြန်ပြောပြသော စာအုပ်ဖြစ်၍ ဝတ္ထုကောင်း တစ်ပုဒ်ဖတ်ရသလို ဖတ်ကောင်းရုံမက၊ ပြည့်စုံသော ၂ဝ ရာစု ပထမပိုင်းနှစ်များ၏ မြန်မာ့နိုင်ငံရေးသမိုင်း ကြီးတစ်ခုပြုစုရာ၌ သက်သေအထောက်အထားစာအုပ်များတွင် မုချ စာရင်းဝင်သွားလိမ့်မည်ဟု ယုံကြည်ပေ သတည်း။
စာမျက်နှာ
826
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
25.6 × 18.6 cm
ISBN
9450057567208
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း