
ဝိသုဒ္ဓိမဂ္ဂ အလင်းပြ နိဗ္ဗာန်လမ်းမကြီး (ပထမတွဲ)
စာရေးသူ - ဒေါက်တာမင်းတင်မွန်
အကျဉ်းချုပ်
သီလေ ပတိဋ္ဌာယ နရော သပညော” အစချီသော ဘုရားဟောဂါထာကို မူတည်၍ ဉာဏ်ပညာကြီးတော်မူသော အဋ္ဌကထာဆရာတော် အရှင်မဟာဗုဒ္ဓဃောသသည် နိဗ္ဗာ ရောက်ကြောင်းလမ်းမကြီးဖြစ်သော ဝိသုဒ္ဓိမဂ္ဂကို အကျယ်ဝိတ္ထာရအားဖြင့် သိကြစေခြင်း အကျိုးငှာ သီလ-သမာဓိ-ပညာ သိက္ခာသုံးပါးကို အကျယ်ဖွင့်ဆို ရေးသားတော်မူ၏။ မြတ်စွာဘုရား၏သာသနာတော်၌ အလွန်ရနိုင်ခဲသောရဟန်းအဖြစ်ကို ရကြပါကုန် လျက် နိဗ္ဗာန်လမ်းမကြီးဖြစ်သည့် အဋ္ဌင်္ဂိကအရိယမဂ် (ဝါ) သီလ-သမာဓိ-ပညာသိက္ခာ သုံးပါးကို မှန်ကန်စွာမသိကြသဖြင့် “ဝိသုဒ္ဓိ” ဟူသည့် နိဗ္ဗာန်ကို လိုချင်တောင့်တကြ ပါလျက် နိဗ္ဗာန်သို့ မရောက်နိုင်ဘဲ ရှိကြကုန်၏။ ရဟန်း၊ ရှင်၊ လူ ယောဂီအပေါင်းတို့၏ဝမ်းမြောက်ခြင်းကို ပြုတတ်သော သီရိလင်္ကာ နိုင်ငံ မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသည့် အရှင်မြတ်တို့၏ အလွန်စင်ကြယ်သည့်အဆုံးအဖြတ်နှင့်ပြည့်စုံသော ဒေသနာနည်းကိုမှီ၍ “ဝိသုဒ္ဓိမဂ္ဂ” အမည်ရှိသည့် နိဗ္ဗာန်လမ်းမကြီးအကြောင်းကို ဟောကြားပေအံ့။ အရဟတ္တဖိုလ်-နိဗ္ဗာန်တည်းဟူသော “ဝိသုဒ္ဓိ” ကိုအလိုရှိကြကုန်သည့်သူတော်ကောင်း အပေါင်းတို့သည် နိဗ္ဗာန်လမ်းကြောင်းဖြစ်သော “ဝိသုဒ္ဓိမဂ္ဂ”ကျမ်းကြီးကို ရိုရိုသေသေ လေးလေးမြတ်မြတ် နာကြားလေ့လာကြပါကုန်။
စာမျက်နှာ
499
ပုံစံ
Paperback
ထုတ်ဝေသူ
မြမွန်ရတနာစာပေ
ထုတ်ဝေသည့်နှစ်
2008
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး