
ဗုဒ္ဓအဘိဓမ္မာ မဟာနိဒါန်း
စာရေးသူ - ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)
အကျဉ်းချုပ်
ဗုဒ္ဓအဘိဓမ္မာမဟာနိဒါန်းစာအုပ်သည် ခြုံ၍ဆိုရလျှင် သတ္တလောက, သင်္ခါရလောက, ဩကာသလောကအကြောင်း၊ ၃၁ ဘုံ၌ သတ္တဝါတို့ ဖြစ်တည်နေပုံအကြောင်း၊ ထို ၃၁ ဘုံလောကမှ လွတ်မြောက်ပုံတို့ကို ပြဆိုထားပေသည်။ သင်္ခါရလောကအကြောင်းများသာမက ရုပ်နာမ်ဓမ္မ သင်္ခါရလောကတို့ ဖြစ်ပုံ, ပျက်ပုံ စုံလင်အောင် ပြဆိုထားပေသည်။ ဆရာဦးအေးနိုင်၏ ရည်မှန်းချက်ကို မြင်အောင်ကြည့်ပါက “လူတိုင်း လူတိုင်း အချမ်း သာဆုံး ဖြစ်သည့် နိဗ္ဗာန်ကို တကယ်လိုချင်သည့် ကလျာဏပုထုဇဉ်အဆင့်ထိ ရောက်အောင် ကြိုးပမ်း အားထုတ်သင့်ကြသည်” ဟူသော ရည်မှန်းချက်ကို တွေ့ပေလိမ့်မည်။ ထို့ကြောင့် ဤ ဗုဒ္ဓအဘိဓမ္မာမဟာနိဒါန်း ကို ဖတ်ရှုပြီးနောက် လောကသုံးပါးအကြောင်း၊ ရုပ် နာမ် ဓမ္မ သင်္ခါရတို့၏အကြောင်းကို ကောင်းကောင်း နားလည်သည့်အပြင် လောကမှ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို လိုချင်တောင့်တသည့် ကလျာဏပုထုဇဉ်မှသည် နိဗ္ဗာန်ထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပေသည်။
စာမျက်နှာ
541
ပုံစံ
Paperback
ထုတ်ဝေသူ
အလင်းသစ်စာပေ
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
25.5 × 19.7 cm
ISBN
9782007001006
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး