
စာဆိုပညာရှိ ကာလိဒါသ ၏ ဘဝအတွေ့အကြုံများ (ဒုတိယပိုင်း)
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
ကာလိဒါသ ဘဝအတွေ့အကြုံများ (ဒုတိယ) ပိုင်းကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကပါ။ ပထမတွဲ ထုတ်အပြီး နှစ်လအကြာ မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ပုံပြင်ဝတ္ထုပေါင်း (၄၅) ပုဒ် ပါဝင်ပါ တယ်။ အဲဒီအချိန်က လူထုသတင်းစာနဲ့ လူထုစာအုပ်တိုက်ရဲ့ ပင်တိုင် ပန်းချီဆရာတစ်ဦးဖြစ်တဲ့ ဆရာပေါ်ဦးသက်ရဲ့ မျက်နှာဖုံးပန်းချီ အတွင်းသရုပ်ဖော်ပန်းချီများနှင့် ဝေဝေဆာဆာ ထုတ်ဝေခဲ့ပါတယ်။ ကာလိဒါသပုံပြင်များဟာ အိန္ဒိယနောက်ခံ ပုံပြင်များ ဖြစ်တဲ့အတွက် ဆရာပေါ်ဦးသက်က ပုံပြင်တွေနဲ့ လိုက်ဖက်တဲ့ အိန္ဒိယဆန်ဆန် ကောက်ကြောင်း နွဲ့နွဲ့နှောင်းနှောင်းတွေ သုံးစွဲတာကို တွေ့ရပါတယ်။ ဒါကြောင့် မူရင်းအရသာမပျက်အောင် ရှေးလက်ရာအတိုင်း ဒုတိယ အကြိမ်ပြန်လည်ထုတ်ဝေလိုက်ပါတယ်။ လူထုဦးလှ စုဆောင်းရေးသားထုတ်ဝေခဲ့တဲ့ ကာလိဒါသ ဘဝ အတွေ့အကြုံများစာအုပ်ဟာ ထုတ်ဝေခဲ့တာ နှစ်ပေါင်းကြာလာသည် နှင့်အမျှ ရှားပါးပျောက်ကွယ်နေပြီမို့ လူထုဦးလှရဲ့နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် ပြန်လည်ထုတ်ဝေလိုက်ပါတယ်။
စာမျက်နှာ
233
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18.6 × 12.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ၊ ရသ
အမျိုးအစားခွဲများ
ဘဝအတွေ့အကြုံ