
အိန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေကဏ္ဍ
စာရေးသူ - အရှင်ဇာဂရာဘိဝံသ
အကျဉ်းချုပ်
ဗုဒ္ဓ ပရိနိဗ္ဗာန်စံသော ခုနှစ်သက္ကရာဇ်နှင့် ပတ်သက်၍ ပညာရှင် အမျိုးမျိုး၏ ယူဆချက်၊ ဆုံးဖြတ်ချက် အမျိုးမျိုးကို ရှေးအိန္ဒိယမင်းအဆက် ဆက်၏ ရာဇဝင်ကြောင်းများအရ မိမိတို့ ရှုထောင့်များမှ နေ၍ အဆုံးအဖြတ် ပေးထားသည်ကို ဤစာအုပ်၌ ဖော်ပြထားပေသည်။ ဂေါတမဗုဒ္ဓသည် သူ့ခေတ်၊ သူ့အချိန်အခါက ပေါ်ထွန်းခဲ့ပြီး၊ ပေါ်ထွန်းဆဲ ရှိနေကြသော ဘာသာရေးဆရာ ကြီးများ၏ အယူဝါဒအမျိုးမျိုးပေါ်တွင် ဘယ်လောက်ထိအောင် ဩဇာလွှမ်းမိုးခဲ့ပုံများကိုလည်း ဤအပိုင်း၌ ဖော်ပြထားပေသည်။ဘီစီ ၃ ရာစုနှစ်လောက်တွင် အိန္ဒိယ၌ အလွန်ကျော်ကြား လူသိများ ခဲ့သော အသောက မင်းတပါး ပေါ်ပေါက်ခဲ့၏။ သူသည် နှောင်းခေတ် ဗုဒ္ဓဘာသာ များအတွက် အထောက်အကူ ပြုစေနိုင်သော ကျောက်စာများကို ရေးထိုးထား ခဲ့ရာ ထိုကျောက်စာများ၏ အဓိပ္ပာယ်သဘောကိုလည်း ဤအပိုင်း၌ ဖော်ပြထား ပေသည်။ ထို့ကြောင့် ဤစာအုပ်သည် မျက်မှောက်ခေတ် မြန်မာလူမျိုး ဗုဒ္ဓ ဘာသာများအတွက် အလွန် တန်ဖိုးကြီးမားလှသော ကျမ်းစာအုပ်တအုပ် ဖြစ် ကြောင်း၊ လေ့လာ ဖတ်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပေသည်။
စာမျက်နှာ
546
ပုံစံ
Paperback
ထုတ်ဝေသူ
ဆုရောင်စဉ်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
22.7 × 16 cm
ISBN
9780201006728
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး