
ပါဋိသက်ဝေါဟာရ အဘိဓာန်
စာရေးသူ - ဦးထွန်းမြင့်
အကျဉ်းချုပ်
ဤစာအုပ်တွင် ပါဠိသက်ဝေါဟာရ ပုဒ်များကို ပါဠိမူအတိုင်း ကရဝိက်၊ ဒြဗ်၊ ပြယုဂ်၊ မုခ်၊ အုဌ် စသည်ဖြင့် ဖော်ပြထားခြင်းမှာ စာအုပ်များတွင်ပါရှိသည့်အတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ တကြောင်းမှာ ပါဠိသက် ဝေါဟာရဖြစ်ကြောင်း သိသာစေလိုသောကြောင့်လည်းဖြစ်သည်။ ကရဝိတ်၊ ဒြပ်၊ ပြယုတ်၊ မုတ်၊ အုတ်စသည်ဖြင့် မြန်မာမှုဖြင့် မရေးသင့်ဟုဆိုလိုခြင်း မဟုတ်ပေ။ ၎င်းပြင် ပါဠိသက်ဝေါဟာရနှင့် ပါဠိပုဒ်ရင်းတို့ကို အနက်ပေးရာ၌ လည်းကောင်း၊ အဓိပ္ပာယ်ရှင်းလင်းရာ၌လည်းကောင်း၊ ပါဠိမြန်မာအဘိဓာန်ကျမ်းများ၊ ကျမ်းကိုးစာရင်းတွင် ပါသည့် ပါဠိစာပေဆိုင်ရာ ကျမ်းများနှင့် မြန်မာစာပေဆိုင်ရာ ကျမ်းများကို အထောက်အထားပြု၍ ရေးသားခြင်း ဖြစ်သော် လည်း အကယ်၍ချွတ်ချော်မှားယွင်းချက်ရှိပါက ဤကျမ်းပြုစုသူ၏ တာဝန်သာဖြစ်သည်ဟု မှတ်ယူကာ အမှန် ဖြစ်အောင် ပြင်၍ယူကြစေလိုပါသည်။ဤစာအုပ်၌ နိဒါန်းအပြီးတွင် ဖော်ပြထားသည့် အထောက်အထားသာဓကပြုသော ကျမ်းပေါင်း ၈၄၃ (အတွဲပါထည့်လျှင် စာအုပ်ပေါင်း ၉ ၃ ၂ ) မှ ပါဠိသက်ဝေါဟာရပုဒ်ပေါင်း ၃၅၅၉ပုဒ် ၊ အကိုး စာပိုဒ်ပေါင်း ၁၀ ၁၃၂ ပုဒ်၊ မှတ်ချက် အထောက်အထားပေါင်း ၇၀၄ ပုဒ် ပါရှိပါသည်။
စာမျက်နှာ
527
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
26.5 × 19.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး