
ပြည်ထောင်စုသမိုင်း ပုံပြင်များ
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
တို့ပြည်ထောင်စုသမိုင်းစာစဉ်၏ ယေဘုယျရည်မှန်းချက်မှာ အတိတ်ခေတ်မှစ၍ မျက်မှောက်ခေတ်အထိ အလျဉ်မပြတ် ထင်ရှားစွာ စီးဆင်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖြစ်အပျက် သမိုင်းအခြေခံကို အဆင့်သုံးဆင့်ထား၍ ပေးရန်ဖြစ်ပါသည်။ ဦးကုလား၏ မဟာရာဇဝင်၊ မှန်နန်းရာဇဝင်၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တို့၌လည်းကောင်း၊ အရေးတော်ပုံများ၌ လည်းကောင်း၊ ဘုရားသမိုင်း၊ မြို့သမိုင်း စသော သမိုင်းဟောင်းများ၌လည်းကောင်း၊ ဧချင်းမော်ကွန်းတို့၌လည်းကောင်း၊ နှောင်းခေတ်ရေး မြန်မာနိုင်ငံသမိုင်းများ၌လည်းကောင်း၊ ကျောက်စာများ၌လည်းကောင်း၊ နိုင်ငံခြားသားတို့၏ မှတ်တမ်းများ၌ လည်းကောင်း၊ သုတေသနဆောင်းပါးများ၌လည်းကောင်း မြောက်မြားလှစွာသော သမိုင်းအကြောင်းအချက်တို့သည် ရှိလေ၏။ သို့ရာတွင် မူလတန်းတပည့်များအား သမိုင်းအခြေခံကို ပေးရာတွင် တပည့်များ နှစ်သက်နားလည်နိုင်မည် လည်းဖြစ်၍ လွတ်လပ်သော ပြည်ထောင်စု နိုင်ငံချစ်စိတ်ဓာတ်မျိုး မွေးမြူနိုင်မည်လည်းဖြစ်သော သမိုင်းအကြောင်းအချက်တို့ကိုသာလျှင် ရွေးချယ်ဖို့လိုသည်ဟု ယူဆ၍ ထိုယူဆချက်အတိုင်း ဆင်ခြင်ညှိနှိုင်းလျက် ရွေးချယ်ထားပါသည်။
စာမျက်နှာ
175
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ပုံပြင်များ