
ဗုဒ္ဓဘာသာနှင့်ရဟန်းဝိနည်း(အတွဲ၁)
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
စာအုပ်မှာ Online ပေါ်တွင် ရေးသားခဲ့သမျှ post များထဲမှ အချို့တစ်ဝက်ကို စုစည်း၍ စာအုပ်အဖြစ် ဖန်တီး ထားခြင်း ဖြစ်သည်။ ဤစာအုပ်၌ အပိုင်းလေးပိုင်းခွဲ၍ စီစဉ်ထား၏။ ဆရာတော် ကြီးများ၏ သာသနာနှင့်စပ်၍ မိန့်မှာသော ဩဝါဒများ၊ အထူးသဖြင့် သီလသာသနာနှင့် စပ်၍ မိန့်မှာသော သြဝါဒများကို စုစည်း၍ ဩဝါဒ ကဏ္ဍ ဟု အခန်းတစ်ခု စီစဉ်ထားသည်။ ထို့နောက် သာသနာရေးနှင့် စပ်လျဉ်း၍ မှတ်သားဖွယ်ရာများ ကို ထိုထိုကျမ်းဂန်တို့မှ ထုတ်နုတ်၍ သုတကဏ္ဍ ဟု အခန်းတစ်ခု စီစဉ်ထားသည်။ ထို့နောက် ရှေးခေတ်ဘုရင်များ မည်သို့သာသနာပြုခဲ့သည်ကို သိရှိနိုင်ရန် ဓမ္မဝိနယပြန်တမ်း စသည်တို့ကို စုစည်း၍ ဖြေဆိုချက်များကို ဝိနိစ္ဆယ ကဏ္ဍ ဟု အခန်းတစ်ခု စီစဉ်ထားသည်။ ထို့နောက် ရဟန်းရှင်လူတို့၏ ဝိနည်းဆိုင်ရာ မေးခွန်းများ ဖြေဆိုချက် များကို ဝိနိစ္ဆယကဏ္ဍ ဟု အခန်းတစ်ခု စီစဉ်ထားသည်။ ဤစာအုပ်ပါအကြောင်းအရာများကို ရေးသားတင်ပြရာ၌ အတ္တနော မတိ (မိမိအယူအဆ) ထက် ကျမ်းဂန်လာအယူအဆများ၊ ဆရာတော်ကြီးများ၏ အယူအဆများကိုသာ အဓိကထား ဖော်ပြထားပါသည်။ဤစာအုပ်သည်သာသနာတော်အတွက် တစ်စုံတစ်ခုအကျိုး ရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ရှင်ရဟန်းများအတွက်သာမကလူဒကာဒကာမများအတွက်ပါဗဟုသုတဖြစ်စေလိမ့်မည်။
စာမျက်နှာ
148
ပုံစံ
Paperback
ထုတ်ဝေသူ
ဓမ္မစံအိမ်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး