
ဗုဒ္ဓဘာသာအနုပညာ
စာရေးသူ - အောင်ဇံ
အကျဉ်းချုပ်
ဗုဒ္ဓဘာသာ အနုပညာ (အထူးသဖြင့်) ဗုဒ္ဓဆင်းတုတော်များ ပေါ်ပေါက်လာပုံကို ဤစာအုပ်၌ ရေးပါသည်။ ဤစာအုပ် ဖြစ်မြောက်လာခြင်းအတွက် ကျမ်းကိုးတွင် ဖော်ပြထားသည့် မူရင်းစာရေးဆရာကြီးများ၏ ကျေးဇူးကို အထူး အလေးပေး ပြောကြားလိုပါသည်။ ဖော်ပြပါ ဆရာကြီးများ၏ ကျမ်းများ မရှိပါက ဤဗုဒ္ဓဘာသာ အနုပညာစာအုပ် ရေးသားနိုင်မည် မဟုတ်ကြောင်း ရိုးသားစွာ ဝန်ခံလိုပါသည်။ ကိုးကားသည့် စာရင်းထဲတွင် ကျွန်တော် ရေးသားခဲ့သည့် ဓမ္မရုပ်စုံ၊ စန္ဒာ မဂ္ဂဇင်းတို့မှ ဆောင်းပါးများကို ထည့်သွင်း ဖော်ပြခြင်း မပြုတော့ပါ။ အထူး အစီရင်ခံလိုသည်မှာ ဤစာအုပ်တွင် ဖော်ပြ ထားသည့် လူပုဂ္ဂိုလ်အမည်များ၊ ဒေသအခေါ်အဝေါ်များကို သီးသန့် အသံဖလှယ်သည့်စနစ်ကို အသုံးပြုထားခြင်း မရှိပါ။ ခေါ်၍ ဆီလျော်သလိုသာ သုံးနှုန်းထားပါသဖြင့် လက်ခံထားသည့် အခေါ်အဝေါ်များနှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်ပါ သည်။ ဤသည်ကို နားလည် ခွင့်လွှတ်ပေးစေလိုပါသည်။ ပုံများကို ဖော်ပြရာတွင် မည်သည့်စာအုပ်မှ မည်သည့်ပုံကို ယူကြောင်း ဖော်ပြထားခြင်းမပြုသည့် ချွတ်ယွင်းချက်ကိုလည်း ခွင့်လွှတ်ကြစေလိုပါသည်။
စာမျက်နှာ
455
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
27 × 19 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး