
နိဗ္ဗာန်စခန်း လက်တစ်ကမ်း
စာရေးသူ - ဒဂုန်ဦးစန်းငွေ
အကျဉ်းချုပ်
ဤစာအုပ်တွင် လက်တစ်ကမ်းတွင်ရှိနေသော နိဗ္ဗာန်ကို နိဗ္ဗာန်ဟုမမြင်၊ ဘဝဇာတ်ဆရာ အလိုကျ ကပြအသုံးတော်ခံနေရသော ပုဂ္ဂိုလ်အသီးသီးတို့ မမျှော်လင့်သော အလှည့် အပြောင်း အချိုးအကွေ့တစ်ခုကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို အရောက်လှမ်းနိုင်သော ဇာတ် ကြောင်းများကို စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။ အလှအပကိုကိုးကွယ်သော ဇနပဒကလျာဏီ၊ လူသတ်သမားကြီး အင်္ဂုလိမာလ၊ အရက် သမားကြီး သန္တတိအမတ်၊ သူဌေးသားစင်စစ်က ကျွမ်းဘားသမားတစ်ဖြစ်လဲ ဥဂ္ဂါသေန၊ မစင်စားသောတက္ကဒွန်း၊ ဘရားရှေ့မှောက် မူးရူးသောင်းကျန်းသော မိန်းမကြမ်းငါးရာ၊ အလှပဂေးပြည့်တန်ဆာသီရိမာနှင့် စွဲလမ်းသူရဟန်း၊ သားသေလင်ဆုံး၊ မိဘနှစ်ပါးပါ ဆုံးရှုံးရသဖြင့် အရူးလုံးလုံးဖြစ်ရသော ပဋာစာရီစသည်တို့၏ ဇာတ်ကြောင်းများဖြင့် နိဗ္ဗာန်ဆိုသည် အဝေးကြီးမဟုတ် အနီးအနားမှာပင် ရှိနေကြောင်း သွားရောက်ယူလျှင်ရ ၏။ မယူလျှင်မရဟု တင်ပြထားသည့်စာအုပ် ဖြစ်သည်။
စာမျက်နှာ
320
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22 × 14.5 cm
ISBN
978-9-997-18475-7
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး