
သက်သတ်လွတ် အက်ဆေးများ
စာရေးသူ - သုမောင်
အကျဉ်းချုပ်
ကျွန်တော် စာရေးဆရာဖြစ်စတွင် ကျွန်တော့်ဖခင် ဆရာ သာဓုက ပြောဖူးပါသည်။ “သားရေ... ဆရာကြီးပီမိုးနင်းက ပြောဖူးတယ်ကွ၊ မီးခြစ်ကလေးတစ်ဘူးအကြောင်းကိုလည်း ရေးတတ်ရင် ဝတ္ထုဖြစ် တယ်တဲ့ကွ” ဟူ၍ ဖြစ်ပါသည်။ ထို့ပြင် “စာတမ်း” ‘စာတန်း” ဟူ၍ စာလုံးပေါင်းပင် ကွဲပြားနေကြရုံမျှမက စာတန်း၊ စာတမ်း ငယ်၊ ရသစာတမ်း စသည်ဖြင့် ပညာရှင်တို့က အမျိုးမျိုး ဝေဖန် ပိုင်းခြားနေခဲ့ကြလေရာ ကျွန်တော့်အနေဖြင့်မူ ငယ်စဉ်က အင်္ဂလိပ်လို Eassy အက်ဆေး၊ မြန်မာလို “စာစီစာကုံး”ကိုသာ စိတ်ထဲစွဲနေ ပါတော့သည်။တစ်လောက ဆရာမ မြနှောင်းညို၏ “စပျစ်ခိုင်နှင့် အခြား ဝတ္ထုတိုများ” စာအုပ်လက်မှတ်ထိုးပွဲ အင်းဝစာအုပ်တိုက်မှာ ကျင်းပရာ ထုတ်ဝေသူ မပြုံး (ပြုံးစာပေ) က စာအုပ် လက်ဆောင် ပေးပါသည်။ ထိုအခါ ကျွန်တော်၏ ‘သက်သတ်လွတ်”စာစုများ ကို ပြုံးစာပေ”နှင့် ကိုက်ညီသည်ဟု ယူဆပြီး မပြုံးထံ နောက်နေ့ ဖုန်းဆက်ပြီး အကူအညီတောင်းမိပါသည်။ မပြုံးကလည်း ကျွန်တော်နှင့်အဆက်အသွယ် မရှိ၍သာ စာမူမတောင်းခဲ့ မိကြောင်း၊ ယခုလို ဖွင့်ပြောလာသဖြင့် ဝမ်းသာကြောင်း ပြောပါ သည်။ ဤသို့ဖြင့် ဤ သက်သတ်လွတ်”စာမူများ ပြုံးစာပေ” မှ ထုတ်ဝေရန် ဖြစ်ပေါ်လာပါတော့သည်။
စာမျက်နှာ
120
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
978-9-997-11876-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ