
နှုတ်ပြောမြန်မာသသဒ္ဒါ
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
မြန်မာစကားပြောဆိုရာတွင် အသံထွက်မှန်ကန်မှု၊ ပီသမှု၊ လေယူ လေသိမ်းအဖြတ်အတောက် မှန်ကန်မှု၊ အသုံးအနှုန်းမှန်ကန်မှုတို့သည် ပြောဆိုသူများအတွက် မရှိမဖြစ်လိုအပ်ချက်များဖြစ်ပါသည်။ ထိုလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဤ “နှုတ်ပြောမြန်မာသဒ္ဒါ’က အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ နှုတ်ပြောစကားဟန် ဖြင့် ရေးသားရာတွင်လည်း နှုတ်ပြောစကားပီပီသသ၊ မှန်မှန်ကန်ကန် ရေးသားနိုင်ရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ မြန်မာသဒ္ဒါ၏ သွင်ပြင်လက္ခဏာများကို မဖော်ပြမီ အရင်းခံဖြစ်သော “စကားသံ” အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ အထူးသဖြင့် စကားပြောဆိုရာတွင် ဖြစ်ပေါ်သော စကားသံပြောင်းလဲမှုဆိုင်ရာသဘော တရားများကို သာဓကများဖြင့် ရှင်းလင်းဖော်ပြထားပါသည်။မြန်မာဘာသာစကားအကြောင်းလေ့လာသူများ၊ နှုတ်ပြောမြန်မာ စကားနယ်ပယ်ဘက်သို့ အာရုံပြုမိစေရန် ဤစာအုပ်က ဦးတည်ပေးနိုင် လိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ ဤစာအုပ်ကို ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံတိုင်းရင်းသားဘာသာ စကား ဦးစီးဌာနကို ကျေးဇူးတင်ပါသည်။
စာမျက်နှာ
292
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာစာဌာန
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
23 × 15.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
မြန်မာသဒ္ဒါ