
ဦးကုလားရာဇဝင်ချုပ်နှင့် မုံရွေးရာဇဝင်ချုပ်လင်္ကာ
စာရေးသူ - ဒေါ်အိဝတ်ရည်ထွန်း (ထုတ်ဝေသူ)
အကျဉ်းချုပ်
မုံရွေးရာဇဝင်လင်္ကာကို အရကျက်၍ ဤဦးကုလား ရာ ဇဝင်ချုပ်ကို စွဲစွဲမြဲမြဲကြည့်သူတို့မှာ မြန်မာရာဇဝင်၌ သူမတူ အောင် စွဲမြဲမှတ်မိ တိကျသော အသိဉာဏ်ကို ရရှိကြလိမ့်မည် ဖြစ်ပါသည်။ ဤဦးကုလားရာဇဝင်ချုပ်ကို ၁ - ဦးကုလား မဟာ ရာဇဝင်ကြီး၊ ၂ - မုံရွေးရာဇဝင် (ပေမူ)၊ ၃ - မှန်နန်း ရာဇဝင် - သုံးတွဲ၊ ၄ - ကုန်းဘောင်ဆက် ရာဇဝင်၊ ၅ - ဒုတိယရာဇဝင်၊ ၆ - တွင်းသင်းရာဇဝင် (လက်ရေးမူ)၊ များနှင့် တိုက်ဆိုင်ကာ ပေမူရှိရင်းအတိုင်း မပြုမပြင်မူ၍ ဦးအုန်းရွှေ (သတ်ပုံ အဘိဓာန်ကျမ်းပြု) ၏ အကူအညီဖြင့် ဆရာ ဦးခင်စိုး [သာသနဓဇ သီရိပဝရ ဓမ္မာစရိယ] နှင့် ဆရာဦးသိန်းဟန် (၁) ဦးတင်နွယ်၊ ဦးဟန်ထွန်း၊ ဦးရွှေဖူး၊ ဦးပု၊ ဦးသိန်းဟန် (၂) ဟံသာဝတီ ပါဠိဆရာများအဖွဲ့က ကောင်းစွာတည်းပြတ် ကြပ်မသုတ်သင် ပြင်ဆင်အပ်သည် ဖြစ်ပါကြောင်း။
စာမျက်နှာ
148
ပုံစံ
Paperback
ထုတ်ဝေသူ
ဂျူ တီစာပေ
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 11 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ရာဇဝင်