
ယမကဗောဓိ (ပထမတွဲ)
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
ဘာသာရပ်တစ်ခု ကျွမ်းကျင်ရေး၊ ။ ဘာသာရပ်တစ်ခု ကျွမ်းကျင်ဖို့ဆို သည်မှာ လွယ်ကူသောအလုပ်တော့မဟုတ်ပါ၊ တစ်ခေါက်နှစ်ခေါက်မျှဖြင့် မကျွမ်းကျင်နိုင်ပါ၊ ဆရာ့ထံမှ သင်ယူပြီးနောက် ထပ်ကာထပ်ကာ အလေ့အလာ ပြုကြရပါသည်၊ ရွတ်အံသရဇ္ဈာယ်ကြရပါသည်၊ ဤသို့ အထပ်ထပ်လေ့လာ ရွတ်အံသရဇ္ဈာယ်မှသာလျှင် ကျွမ်းကျင်နိုင်ပါသည်။ သဗ္ဗညုတဉာဏ်ရှင် ဘုရား သခင်သည်ပင်လျှင် “အာနန္ဒာ ! ငါဘုရားသည် ဣဒ္ဓိပါဒ် ၄-ပါးကို ဘာဝိတ ဗဟုလီကတ ယာနီကတ ဝတ္ထုကတ အနုဋ္ဌိတ ပရိစိတ သုသမာရဒ္ဓ အဆင့်သို့ ရောက်အောင် အားထုတ်ထားသည်”ဟု မဟာပရိနိဗ္ဗာနသုတ်၌ မိန့်ဆိုထားပါ သည်။ ထို့ပြင် ဝိနည်းဧတဒဂ်ရ အရှင်ဥပါလိသည်လည်း “ဝိနယော အာသယော မယုံ” စသည်ဖြင့် ဥဒါန်းကျူးကာ ဝိနည်းကျွမ်းကျင်သူအဖြစ်သို့ ရောက်ခဲ့ ပါသည်။ ကျွမ်းကျင်အောင် လေ့လာဟူရာ၌ အာဂုံကျက် အာပူတိုက်မှုကို မဆိုလိုပါ၊ စဉ်းစားဉာဏ်ဖြင့် သဘောပေါက်သည်အထိ လေ့လာမှု, နှိုင်းချိန်မှု, ရှေ့နောက် ထောက်ဆမှုကို ဆိုလိုပါသည်၊ ထို့ကြောင့် အရှင်ဥပါလိကဲ့သို့ ယမိုက်ကျမ်းကို သင်ယူရာ၌ အောက်ပါဥဒါန်းကို ကျူးရင့်ကာ သင်ယူနိုင်, လေ့လာနိုင်ကြပါစေ-ဟု တိုက်တွန်းစကား ရေးသားအပ်ပါသည်။
စာမျက်နှာ
418
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
24.5 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး