
ဝိသုဒ္ဓိမဂ္ဂ အလင်းပြ နိဗ္ဗာန်လမ်းမကြီး (ဒုတိယတွဲ)
စာရေးသူ - ဒေါက်တာမင်းတင်မွန်
အကျဉ်းချုပ်
မဂ္ဂသစ္စာအမည်ရသော မင်္ဂလမ်းစဉ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါးကို ပညာသိက္ခာ, သီလ သိက္ခာ, ာ, သမာဓိသိက္ခာအဖြစ် သတ်မှတ်ကြပါသည်။ သဝ ထို့ကြောင့် သီလ-သမာဓိ-ပညာ သိက္ခာသုံးပါးကို စနစ်တကျ ပြည့်စုံစွာ ဝေဖန်ဖော်ပြထားသော ဝိသုဒ္ဓိမဂ်ကျမ်းကို အမြတ်ဆုံးအကောင်းဆုံးကျမ်းဖြစ်သည်ဟု ပညာရှိတို့က ချီးမွမ်းကြခြင်းဖြစ်ပေ၏။ ဝိသုဒ္ဓိမဂ္ဂအလင်းပြ - ဒုတိယတွဲ - 'ဝိသုဒ္ဓိမဂ္ဂအလင်းပြ'ကျမ်းစာအုပ်ကို ဝိသုဒ္ဓိမဂ်စာမေးပွဲအတွက် ပြဋ္ဌာန်းစာအုပ် ဖြစ်သည့် 'ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ'ကျမ်း၏အစီအစဉ်အတိုင်း ရေးသားထားပါသည်။ ပထမတွဲတွင် သီလသိက္ခာနှင့် သမာဓိသိက္ခာပိုင်းမှ ကသိုဏ်း ၁၀-ပါး, အသုဘ ၁၀- ပါး, အနုဿတိ ၁၀-ပါးတို့ကို ဖော်ပြခဲ့၏။ ယခု ဒုတိယတွဲတွင် သမာဓိသိက္ခာမှ ကျန်နေသောကမ္မဋ္ဌာန်း ၁၀-ပါး၊ အဘိညာဉ်အကြောင်းနှင့် ပညာသိက္ခာမှ ခန္ဓာ, အာယတန, ဓါတ်, ဣန္ဒြေ, သစ္စာတို့အကြောင်းကို ဖော်ပြထားပါသည်။ စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့သည် သာသနာတော်၏အနှစ်သာရကို သိရှိကြပြီးလျှင်ဝိသုဒ္ဓိမဂ်တွင်ဖော်ပြထားသည့်အတိုင်း သီလ-သမာဓိ-ပညာ သိက္ခာသုံးပါး ကျင့် စဉ်တရားကို မှန်ကန်စွာကျင့်ကြံအားထုတ်နိုင်ကြသဖြင့် ဈာန်, မဂ်, ဖိုလ်တရားထူးတို့ကိုလွယ်ကူလျင်မြန်စွာ ရရှိနိုင်ကြပါစေသတည်း။
စာမျက်နှာ
524
ပုံစံ
Paperback
ထုတ်ဝေသူ
မြမွန်ရတနာစာပေ
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
24 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး