
ကြီးကြီးတွေးမြင့်မြင့်ကြံ
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
အင်္ဂလိပ်လိုရေးထားတဲ့ အောင်မြင်ကြီးပွားရေးနည်း (အခုခေတ် အခေါ် တက်ကျမ်း) စာအုပ်ပေါင်းများစွာကို ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ ဖတ်ဖူးခဲ့တဲ့ တက်ကျမ်းစာအုပ်တွေထဲမှာ စာအုပ်နှစ်အုပ်ကို အကြိုက်ဆုံးပါ။ m Napoleon Hill ໑໑ Think and Grow Rich အခု ဘာသာပြန်လိုက်တဲ့ David J. Schwartz, Ph.D ရေးတဲ့ The Magic of Thinking Big တို့ပါပဲ။ ဒီစာအုပ်နှစ်အုပ်စလုံးဟာ အုပ်ရေ သန်းပေါင်း များစွာ ရောင်းချရပြီးဖြစ်ကြတဲ့ ကမ္ဘာကျော်စာအုပ်တွေ ဖြစ်ကြပါတယ်။ ဒီစာအုပ်နှစ်အုပ်ဟာ ဘာကြောင့် ကမ္ဘာကျော်စာအုပ်တွေအဖြစ် နာမည်ကြီးရ တာလဲ။ အဖြေက အဲဒီစာအုပ်တွေမှာပါတဲ့ နည်းတွေကို လိုက်နာကျင့်သုံးခဲ့ ကြတဲ့ လူသန်းပေါင်းများစွာဟာ သူတို့ဘဝမှာ အောင်မြင်သူတွေ၊ ကြီးပွား ချမ်းသာသူတွေ ဖြစ်လာခဲ့ကြလို့ပါ။ The Magic of Thinking Big စာအုပ်ကို ၁၉၅၉ ခုနှစ်က စတင် ထုတ်ဝေခဲ့ပြီး ယနေ့အထိ ကမ္ဘာပေါ်မှာ အုပ်ရေ ၆ သန်းကျော် ရောင်းခဲ့ ရပြီးဖြစ်သလို နိုင်ငံခြားဘာသာ အတော်များများကိုလည်း ပြန်ဆိုခဲ့ပြီး ဖြစ်ပါ တယ်။ ကျွန်တော် ဒီစာအုပ်ကို စဖတ်ဖူးခဲ့တာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပါ။
စာမျက်နှာ
294
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 12.5 cm
ISBN
9202375242141
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Pyinsagam
အမျိုးအစားခွဲများ
အောင်မြင်ရေး