
လူတစ်လုံး
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
စာရေး စာဖတ် ကောင်းကောင်းတတ်မြောက်ရေးဟာ လူသား တွေရဲ့ အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဒီအခြေခံကို တိုးတက် မြင့်မားအောင်လုပ်ရင် လိုရာကိုဖွင့်လိုရတဲ့သော့ကြီး ဖြစ်လာနိုင်ပါတယ်။ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အရည်အချင်းတွေ၊ အင်အားတွေ ပိုမိုမြင့်မားလာရေးအတွက် ကိုယ်တိုင်ရှာဖွေ လေ့လာ လေ့ကျင့် ကြိုးစားရမှာတွေက အများကြီးပါ။ ကိုယ့်အတွက်ရော၊ အများပြည်သူတွေအတွက်ရော၊ ကျယ်ကျယ်ပြန့်ပြန့် ့ အင်တိုက် အားတိုက် လုပ်ကိုင်ဆောင်ရွက်ကြရမယ် မဟုတ်လား။ ဒီစာအုပ်ပါ အချက်အလက်များဟာ ကျဉ်းမြောင်းတဲ့ တစ်ကိုယ် ကောင်းကြံစည်လုပ်ကိုင်လိုသူများအတွက် မဟုတ်ပါ။ စေတနာမမှန်သူ၊ ဟန်ဆောင်သူများနဲ့လည်း မဆိုင်ပါ။ ပြည်သူအများအကျိုး သယ်ပိုးလို သူတို့ အရည်အချင်းများ မြင့်မားတိုးတက်နိုင်ရေး၊ ဆောင်ရွက်ကြိုးပမ်း ချက်များ အောင်မြင်ရေးအတွက် အထောက်အကူရစေဖို့သာ ဖြစ်ပါ တယ်။ သတိရှိသူ၊ နိုးကြားတက်ကြွသူ၊ ဇွဲနပဲနဲ့ ကြိုးစားမည့်သူများ အတွက် ‘သိသူဖော်စား” ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီစာအုပ်ကို လူငယ်လူရွယ်များ လက်ကိုင်ပြုနိုင်ကြပါစေ၊ ရည်မှန်းချက်ပန်းတိုင်ကို ဆွဲကိုင်လှမ်းယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါတယ်။
စာမျက်နှာ
198
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2021
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
19 × 12.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ