
ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်
စာရေးသူ - မဟာစည်ဆရာတော်ဘုရားကြီး
အကျဉ်းချုပ်
“မကောင်းမှုကို ရှောင်ကြဉ်နေဖို့ရာ မလိုဘူး။ သူတို့ ပြောတဲ့အတိုင်း လိုက်နာနေရုံနဲ့ ကိစ္စပြီးတယ်” တဲ့, ဘုရား အဆုံးအမနဲ့ မဆန့်ကျင်ပေဘူးလား။ ဒါပေမယ့် သူ့ဆိုင်ရာ တပည့်တွေကတော့ သိပ်သဘောကျနေကြတာပဲ။အကုသိုလ်ဟူသမျှကို မပြုရဘူးဆိုတဲ့ ဘုရားသာသနာ တော်ကို ပစ်ပယ်ရာ မရောက်ပေဘူးလား။ ‘သမာဓိကုသိုလ် ဖြစ်အောင် သမထဘာဝနာအလုပ်ကို အားထုတ်ဖို့မလိုဘူး” လို့ဟောရင် ဘုရားအဆုံးအမ သာသနာတော် နဲ့ မညီနိုင်ဘူး။ “ပဋိစ္စသမုပ္ပါဒ် မသိရင် တရားအားမထုတ်ကောင်းဘူး” စသည် ဖြင့် မပိတ်ပင်မတားမြစ် သင့်ပါဘူး။ အားထုတ်ချင်ပါလျက်နဲ့ အဲဒီလို ပိတ်ပင်တားမြစ်လို့ အားမထုတ်ဘဲနေရင် ရသင့်တဲ့ ဘာဝနာ ကုသိုလ်တွေ မရဘဲ ဆုံးရှုံးနေကြရှာမှာပဲ”စသည်ဖြင့် ဗုဒ္ဓသာသနာတော်၏ အန္တရာယ်များကို ထုတ်ဖော် ဟောကြားတော်မူခဲ့လေသည်။ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးစစ်မှန်စွာအရှည်တည်တံ့ရေး,စည်ပင်ပြန့်ပွားထွန်းကားရေးအတွက်မရှိမဖြစ်အရေးတကြီးလိုအပ်လျက်ရှိသောဤ ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်ကို ၁၃၄၁-ခုနှစ်က ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ယခုအခါဤဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေး တရားစာအုပ်ကို တပည့်တော်များဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် က အဋ္ဌမအကြိမ်အဖြစ် ထပ်မံ၍ပုံနှိပ်ဖြန့်ချီအပ်ပါသည်။
စာမျက်နှာ
112
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာစည်သာသနာ့ရိပ်သာ
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
8th Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး