
သောကင်းအောင်ဘယ်လိုနေမလဲ
စာရေးသူ - အရှင်ဝိစိတ္တသာရ(သာသနာ့တက္ကသိုလ်)
အကျဉ်းချုပ်
သူများအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံ နှင်။ ကြမ်းတမ်းသောစကားကို မဆိုနှင့်။ မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည်။ အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။ ယခု လက်ရှိအချိန်ထက် ကောင်းသော အချိန် မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် သုံးပါ။ ဒီစာအုပ်မှာ ဆရာတော်ကြီးက သောကဖြစ်ရတဲ့အကြောင်းရင်းဇာစ်မြစ် တွေကို အတတ်နိုင်ဆုံး တူးဖော်ပြီး သောကကင်းအောင် ဘယ်လိုနေမလဲဆိုတာကိုလည်း လောကီ၊ လောကုတ္တရာ နည်းမျိုးစုံနဲ့ ဖော်ထုတ်တင်ပြထားတယ်။ စေတနာ ကောင်းနဲ့ ကြိုးစားဖော်ထုတ်တင်ပြထားလို့ ဗုဒ္ဓဘာသာတွေသာမက ဘာသာခြား တွေကပါ ခံတွင်းတွေ့ပြီး ကျေးဇူးတင်လှပါတယ်ဆိုတဲ့ မက်ဆေ့ချ်ကို တစ်ကမ္ဘာလုံး မှာရှိတဲ့ ဒီစာအုပ်ဖတ်ပရိသတ်က ဆရာတော်ကြီးဆီ ပေးပို့ကြတယ်။ စာဖတ်ပရိသတ် ရဲ့ တောင်းဆိုချက်အရ (၂၀၀၅ ဧပြီလအထိ) (၁၅)ကြိမ် ပုံနှိပ်ဖြန့်ချိခဲ့ရပြီး အုပ်ရေ ခြောက်သောင်းကိုးထောင် (၆၉ဝဝဝ) ရှိတဲ့ အာရှဘက်ဆဲလားစာအုပ် ဖြစ်သွားတယ်။ မြန်မာစာဖတ်ပရိသတ်အတွက် အကျိုးရှိလိမ့်မယ်လို့ ယူဆပြီးမြန်မာပြန်ပြီးတော့ ဖြန့်ချိလိုက်တာ။ ဘယ်သူပဲအကျိုးရှိရှိ အကျိုးရှိတယ်ဆိုရင် ပြုစုရကျိုး နပ်ပါပြီ။
စာမျက်နှာ
284
ပုံစံ
Paperback
ထုတ်ဝေသူ
လွင်ဦးစာပေ
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
22 × 15 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး