
ကိုယ့်အကြောင်း သူတို့အကြောင်း
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
ဤစာစုကို ““ကိုယ့်အကြောင်း သူတို့အကြောင်း”” ဟု နာမည်ပေး သည်။ ကျွန်တော့်ဘဝခရီးတွင် ကြုံရတွေ့ရသော ဖြစ်ရပ်အချို့အကြောင်းနှင့် ကျွန်တော့်ဆရာများ၊ မိတ်ဆွေများ၊ တပည့်များအကြောင်း ရေးဖြစ်ခဲ့သော စာများကို စုစည်းထားသောကြောင့် ဖြစ်ပါသည်။ ကျွန်တော် ရန်ကုန်မရောက်မီ ဇာတိရပ်ရွာတွင် နေထိုင်ခဲ့ရသော ငယ်စဉ်က ဖြစ်ရပ်များကစ၍ ရန်ကုန်ရောက်လာပြီး ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများအကြောင်း အလျဉ်းသင့်ရာ ရေးခဲ့သည့်စာများကို တစ်စု စုထား ပါသည်။ နောက်တစ်စုမှာ ကျွန်တော်တို့၏ တစ်ဦးတည်းသော သမီးကလေး ဖွားမြင်သည်ကစ၍ ယခု ပြည်ပတွင် ပညာတော်သင်အဖြစ် ပညာဆည်းပူးနေ သည့် အကြောင်းများကို အမှတ်တရ ရေးသားသည့်စာစု ဖြစ်ပါသည်။ ကျွန်တော် ကြည်ညိုလေးစားသော ကျေးဇူးရှင်ဆရာများ၊ ခင်မင်သော မိတ်ဆွေများနှင့် ဘဝတစ်လျှောက် ဆုံစည်းရသော တပည့်များအကြောင်းကို လည်း တစ်စုစုစည်းပါသည်။ နောက်ဆုံးအစုမှာ သိကျွမ်းခင်မင်ခဲ့ရပြီးမှ ခရီးတစ်ဝက် လမ်းခုလတ် တွင် အပြီးအပိုင် ခွဲခွာသွားရရှာသူများအကြောင်းကို ဝမ်းနည်းကြေကွဲစွာ မှတ်တမ်းတင်မိသော စာစုဖြစ်ပါသည်။ ဤစာစုသည် ကျွန်တော်နှင့် ကျွန်တော့်ပတ်ဝန်းကျင်၏ ပုံရိပ်များကို တစေ့တစောင်း ပုံဖော်ပြနေပါလိမ့်မည်။
စာမျက်နှာ
340
ပုံစံ
Paperback
ထုတ်ဝေသူ
စာပေခရီးသွားများ စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
1368036900299
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဖြစ်ရပ်မှန် အတွေ့အကြုံ