
မာလာလင်္ကာရ ဝတ္ထုတော်ကြီး
စာရေးသူ - ဒုတိယမဲထီးဆရာတော်
အကျဉ်းချုပ်
ဤမာလာလင်္ကာရကျမ်းကို (၁၉ဝ၉) ခုနှစ်က ရန်ကုန်မြို့ ဟံသာဝတီပုံနှိပ် တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်၍ မန္တလေးမြို့ ဟံသာဝတီ ပုံနှိပ်တိုက်တွင် ဒုတိယအကြိမ် ရိုက်နှိပ်ခဲ့ပေသည်၊ ယခု တတိယအကြိမ်တွင်မူ မန္တလေးမြို့ ခင်မကန်ပါဠိတက္ကသိုလ်ကျောက်ဆောက်ကျောင်း အရှင်ဝါသဝ “သာသနဓဇသီရိ ပဝရဓမ္မာစရိယ” ထံမှ (၁၂၁၆) ခုနှစ်ရေး မာလာလင်္ကာရဝတ္ထုတော်ကြီး ပေမူ တစ်ဆူကိုပေးပို့ရရှိသဖြင့် အထူးကျေးဇူးဥပကာရတင်ရှိရပေသည်၊ ထိုပေမူသည် လက်ရေးလက်သားကောင်း၍ ပုဒ်ပါဌ်အက္ခရာမှန်ကန်ပြီး အကျအပေါက်မရှိ ပြည့်စုံလှသောကြောင့် ထိုပေမူကိုပဓာနထား၍ စာအုပ်မူများဖြင့် တိုက်ဆိုင်ကာ စာအုပ်မူများ၌ မပါမရှိ ကြွင်းကျန်သည့်အရာများကို စာကိုယ်အတွင်း လက်သည်း ကွင်းဖြင့် ဖော်ပြလျက်ပေမူနှင့်မတူသော စာအုပ်ပါမူကွဲများကို မျဉ်းအောက်တွင် ဂဏန်းအမှတ်ဖြင့် ဖော်ပြပြီး ဆရာဦးခင်စိုး(သာသနဓဇသီရိပဝရဓမ္မာစရိယ) နှင့် ဆရာဦးသိန်းဟန်, ဦးရွှေဖူး, ဦးပု, ဦးဟန်ထွန်း, ဦးတင်နွယ်, ဦးမြတ်မော်, ဟံသာဝတီပါဠိဆရာများအဖွဲ့က ကောင်းစွာတည်းဖြတ်သုတ်သင် ပြင်ဆင်ကာ ပုံနှိပ်ထုတ်ဝေအပ်သည်ဖြစ်ပါကြောင်း။
စာမျက်နှာ
356
ပုံစံ
Paperback
ထုတ်ဝေသူ
SEIKKU CHO CHO
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
23 × 15.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး