
Buddha's Brain
စာရေးသူ - ဇော်ဝင်းကြူ (ပျဉ်းမနား)
အကျဉ်းချုပ်
ဗုဒ္ဓဦးနှောက်ဆိုတာ တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ဦးနှောက်အကြောင်းကို သုတေသနလုပ်ပြီး ရေးထားတာလဲ မဟုတ်ပါဘူး။ အဲဒီလိုရေးရအောင်လဲ မြတ်စွာဘုရားရဲ့ ဦးနှောက်ကို ဘယ်လိုလူကမှလဲ အသေးစိတ်မသိနိုင်ပါဘူး။ တခြားဘယ်သူရဲ့ဦးနှောက် အကြောင်းကိုမှလဲ ဒီနေ့ခေတ်ပညာရှင်တွေ ပြည့်ပြည့်စုံစုံ မသိကြသေးပါဘူး။ ဒီအကြောင်း ကိုလဲ စာရေးသူတွေကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒီစာအုပ်က တကယ်တော့ ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟောကြားသင်ပြခဲ့တဲ့ တရားတော် (အထူးသဖြင့် သတိပဋ္ဌာန်တရားတော်) တွေကို လိုက်နာကျင့်သုံးပြီး စိတ်နှလုံးငြိမ်းအေးမှု၊ မေတ္တာကရုဏာနဲ့ ဉာဏ်ပညာတွေ တိုးတက်လာတဲ့ လူတွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ရေးထားတာပါ။ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကြောင့် ဦးနှောက်ပြောင်းလဲလာတာတွေကို ရေးထားလို့ ‘ဗုဒ္ဓဦးနှောက်’ လို့ အမည်တပ်ထားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေ ဒီစာအုပ်ကိုသာ ထဲထဲဝင်ဝင်ဖတ်ပြီး နားလည်လာရင် ဂုဏ်ယူ ဝမ်းမြောက်တဲ့စိတ်တွေ၊ မြတ်စွာဘုရားကို ပိုပြီးကြည်ညိုလာတဲ့စိတ်တွေ၊ ယုံကြည်မှု သဒ္ဓါတရားတွေ တိုးတက်လာမှာပါ။
စာမျက်နှာ
330
ပုံစံ
Paperback
ထုတ်ဝေသူ
သားငယ်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
978-9-997-14696-0
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး, ဘာသာပြန်
တဂ်များ