
GRADE-12 (ENGLISH) မေးခွန်းနံပတ် (1) လေ့ကျင့်စရာ INITIAL LETTERS
စာရေးသူ - ဆရာဦးဌေးလှိုင် ၊ ဆရာနိုင်မြင့်
အကျဉ်းချုပ်
Grade-12 သင်ရိုးသစ် အင်္ဂလိပ်စာမေးခွန်းမှာ မေးခွန်း နံပါတ် (I) ဖြစ်တဲ့ initial letters ကို ကျောင်းသား အများစု စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ မေးပြီးသမျှ မေးခွန်း ဟောင်းတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာတော့ ဖတ်စာ အုပ်ထဲမှာပါတဲ့ ဝေါဟာရကိုပဲ မေးပါတယ်။ ဖတ်စာအုပ် ပြင်ပက ဝေါဟာရမျိုးကို မေးတာ မတွေ့မိသလောက်ပါပဲ။ အဲဒီတော့ မေးခွန်းနံပါတ် (I) ကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ဖို့ အတွက်ကတော့ ဖတ်စာအုပ်ပါ ဝေါဟာရ အားလုံးကို ကျေကျေညက်ညက် နှံ့နှံ့စပ်စပ် ဖတ်ရှုဖို့ အရေး ကြီးပါတယ်။ အခုစာအုပ်ထဲမှာတော့ ယူနစ် တစ်ခုချင်းစီ အလိုက် လေ့ကျင့်စရာ initial letters တွေအပြင် ကဗျာ (၄) ပုဒ်ထဲက ဝေါဟာရတွေကိုပါ လိုရမယ်ရ ထည့်သွင်း ဖော်ပြထားပါတယ်။ initial letters မေးခွန်းဟောင်း တွေကို လေ့လာမိသလောက်ပြောရလျှင် ဖတ်စာအုပ်ထဲက စာကြောင်းကို တိုက်ရိုက် မမေးသလောက်ပါပဲ။ ဖတ်စာအုပ် ထဲက ဝေါဟာရကို ပြင်ပစာကြောင်းအသစ်ထဲမှာ ထည့်သွင်း အသုံးပြုခိုင်းတာပဲ ဖြစ်ပါတယ်။ initial letters ကို သီးသန့် လေ့ကျင့်ချင်တဲ့ မောင်မယ်တွေအဖို့ ဒီစာအုပ်က အထောက်အကူ များစွာပြုလိမ့်မယ်လို့ ပြောလိုပါတယ်။
စာမျက်နှာ
80
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 18.5 cm
ISBN
9202375253314
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Pyinsagam
အမျိုးအစားခွဲများ
ပညာရပ်, သင်ကြားရေး