
ဓမ္မရေးရာ ဥပမာများ
စာရေးသူ - ဝဏ္ဏသီရိ
အကျဉ်းချုပ်
ဆရာမင်းယုဝေနှင့် မတွေ့ရခင်ကတည်းက မြတ်မင်္ဂလာအတွက် ဤသို့သော ဥပမာဥပမေယျ တွဲစပ်ပြပုံကလေးများကို ထုတ်နုတ်၍ ရေးသား ရန် အကြံအစည်ရှိပြီးဖြစ်နေ၍ ဆရာမင်းယုဝေနှင့် ဆုံစည်းခွင့်ရခိုက်ကလေး မှာ ကျွန်တော်ကတင်ပြလိုက်ပါသည်။ ဆရာမင်းယုဝေကလည်း လိုလိုလား လားနားထောင်ကာ နောက်မှ စာဖြင့်အကြောင်းပြန်ပါမည်ဟု တုံ့ပြန်ပါ သည်။ မကြာမီမှာပင် ဆရာမင်းယုဝေထံမှ မြတ်မင်္ဂလာအတွက် ကြိုဆိုပါ ကြောင်း စာရောက်လာသဖြင့် ဤစာများကို လစဉ်ရေးဖြစ်ခဲ့ပါသည်။ မြတ်မင်္ဂလာထဲတွင် ပိဋကတ်တော်လာ ဥပမာနှင့်ဥပမေယျဟု ခေါင်းစဉ် တပ်ခဲ့ပါသည်။ သို့ဖြစ်၍ ဤစာများကို စတင်ရေးဖြစ်ရန် အကြောင်းခံပေးခဲ့သော ရှစ်ဆယ်ပြည့်မွေးနေ့ရှင် ဆရာပါရဂူကိုလည်းကောင်း၊ မြတ်မင်္ဂလာတွင် လစဉ်ဖော်ပြပေးခဲ့သော ဆရာမင်းယုဝေအားလည်းကောင်း၊ ယခု လုံးချင်း စာအုပ် ထုတ်ဝေပေးသော အလင်းသစ်စာပေက ကိုဉာဏ်အောင်ကိုလည်း ကောင်း ကျေးဇူးတင်ပါ၏။
စာမျက်နှာ
277
ပုံစံ
Paperback
ထုတ်ဝေသူ
အလင်းသစ်စာပေ
ထုတ်ဝေသည့်နှစ်
2012
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.7` × 13.2 cm
ISBN
9781234001193
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး