
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
ကျွန်တော့်အဖို့မှာကား ကျွန်တော်တို့လူမျိုး၌ ရင့်သန်သောအတွေးအခေါ်နှင့် ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်မှု နည်းချေရကား သဘောချင်း မတိုက်ဆိုင်သည်လည်းရှိသော ရွှေဥဒေါင်း၏ အတွေးအခေါ်များကို ဖတ်ရသည်မှာ ပူအိုက်သောညဉ့်၌ လေသာပြင်ဝယ် လေညင်းခံရသည့်အလား အားရနှစ်ထောင်း ရှိလှပါသည်။
မောင်ဖြူး (ရွှေဥဒေါင်း၏အတွေးအခေါ်)
ဤမှတ်တမ်းမှာ အတ္ထုပ္ပတ္တိသက်သက် မဟုတ်ချေ။ အတွေးအခေါ်များလည်း ပါရှိ၏။ ဗုဒ္ဓဘာသာ ကနဦးအနေဖြင့် ဗုဒ္ဓ၏ ဟောကြားသောတရားများနှင့် စပ်လျဉ်း၍ တွေးခေါ်မြော်မြင်ယူဆပုံများကို ယင်း၏ ကိုယ်တွေ့လေ့လာစမ်းသပ်မှုများအရ ရဲဝံ့စွာ တင်ပြထားလေသည်။
ဒဂုန်ရွှေမျှား (မြန်မာနိုင်ငံစာပေဆုများ)
ဤမှတ်တမ်းကို ရေးသားရာတွင် ဆရာကြီး၏ အသေးစိတ်ရေးသားချက်များကို တွေ့ကြရ ပေလိမ့်မည်။ အချို့က ဆရာကြီးတွင် ငယ်စဉ်ကတည်းက မှတ်သားထားသော မှတ်တမ်းကလေး တစ်ခု ရှိလိမ့်မည်ဟု ထင်ကြသည်။ အမှန်အားဖြင့်သော် မှတ်တမ်းတစ်ခုလုံးမှာ ဆရာကြီး၏ အံ့သြဖွယ်ကောင်းသော မှတ်ဉာဏ်အတွင်းမှ ထွက်ပေါ်လာခြင်းသာ ဖြစ်လေသည်။
လူထုဦးလှ (တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ)
“မှားသည်ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်။ ကျွန်ုပ် လက်လှမ်းမီသလောက် ဖော်ထုတ်တင်ပြရမှ ကျေနပ်တတ်သည်။ ဤအတွက်ကြောင့် မိတ်ဆွေနည်းလျှင်လည်း ကိစ္စမရှိ။ သစ္စာတရားကိုသာ မိတ်ဆွေဖွဲ့ချင်သည်” ဆိုတာက ဆရာကြီးရဲ့ သတင်းစာဆရာဘဝ ယုံကြည်ချက်ကြေညာစာတမ်းပဲ။
ဝင်းတင် (စာနယ်ဇင်း ဘာလဲ)
‘တစ်သက်တာမှတ်တမ်း’ထွက်လာသောအခါ တစ်တွဲပြီးတစ်တွဲ အငမ်းမရ ဖတ်မိနေကြောင်းကို ပြောစရာ မလိုတော့ပါ။ တစ်ကြိမ်သာ မဟုတ်ပါ။ အကြိမ်ကြိမ် ပြန်၍ ဖတ်မိပါသည်။ ဖတ်တိုင်းလည်း