
အလကားလူ The Life of Useless Man
စာရေးသူ - မြသန်းတင့်
အကျဉ်းချုပ်
ဂေါ်ကီရဲ့ ဒီဝတ္ထုကိုတော့ ကျွန်တော် တော်တော်ကလေး သဘောကျ တယ်။ ဂေါ်ကီရဲ့ ဝတ္ထုနောက်ခံက ၁၉ဝ၅ ခု၊ ရုရှား-ဂျပန် စစ်ပွဲဖြစ်နေချိန်၊ ရုရှား-ဂျပန် စစ်ပွဲကို မကျေနပ်တဲ့အတွက် ပြည်တွင်းမှာ လက်နက်ကိုင် ပုန်ကန်နေကြတဲ့အချိန်။ ဇာဘုရင်ရဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲပေးဖို့ တောင်း ဆိုနေချိန်။ ဒီလိုနဲ့ ဇာဘုရင်အစိုးရဟာ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ရတယ်။ ဒါပေမဲ့ ဇာဘုရင်အစိုးရဟာ အခွင့်အရေးတွေကို ခဏ သာ လိုက်လျောပြီး နောက်ကျတော့ ရုပ်သိမ်းပစ်လိုက်တယ်။ ဂေါ်ကီကအဲဒီအချိန်ကို နောက်ခံထားပြီး ဒီဝတ္ထုကိုရေးတာ ဖြစ်တယ်။ ဒီဝတ္ထုကို ၁၉ဝ၇ ခုနှစ်မှာရေးပြီး ရုရှားမဂ္ဂဇင်းတစ်စောင်မှာ အခန်းဆက် ရေးတယ်။ ဒါပေမဲ့ အစိုးရက နောက်ထပ်ရေးခွင့်မပြုဘဲ ပိတ်ပစ်လိုက်တယ်။ ၁၉၁၄ ခုနှစ်ကျတော့ လုံးချင်းစာအုပ် ရိုက်တယ်။ ဒါပေမဲ့ ထုတ်ဝေခွင့်မရလို့ မထုတ်ခဲ့ရဘူး။ ၁၉၁၇ ခု၊ တော်လှန်ရေးအောင်တော့မှ အပြည့်အစုံ ထုတ်ဝေ ခွင့်ရခဲ့တယ်။ ၁၉၇၁ ခုနှစ်မှ အင်္ဂလိပ်ဘာသာနဲ့ ပထမဆုံး ထုတ်ဝေတယ်။
စာမျက်နှာ
328
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာပြန်ဝတ္ထု
အမျိုးအစားခွဲများ
Classic
တဂ်များ