
အာဟာရနှင့် ကျန်းမာရေး (ကာကွယ်နည်းနှးင့် ကုသနည်း)
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
ဆရာကြီးရွှေဥဒေါင်း၏ ဤအာဟာရနှင့် ကျန်းမာရေး စာအုပ် ကို ထုတ်ဝေရခြင်း အကြောင်းမှာ လူသားတို၏ ကျန်းမာရေးဟာ လာဘ်ကြီးတစ်ခုပါဟု ဆိုရိုးစကား ရှိသော်လည်း ကျန်းမာရေးနှင့် ပတ်သက်၍ စာအုပ်စာတမ်းများ ဖတ်ရှုခြင်း၊ ကျန်းမာရေးနှင့် ပတ်သက် ၍ ကာကွယ်ခြင်းများကို ဂရုတစိုက် အလေးထားခြင်းမရှိကြပေ၊ ကြိုတင် ကာကွယ်ရေးကို ရောဂါဖြစ်ပွားမှ ကုသခြင်းအားဖြင့် အပ်နှင့် ထွင်းရမည့် ကိစ္စကို ပေါက်ဆိန်ဖြင့် ပေါက်ရဘိသကဲ့သို အခက်အခဲ များနှင့် ကြုံတွေ့ရခြင်း၊ မသေသင့်ဘဲလျက် သေဆုံးရခြင်း၊ ရောဂါဖိစီး နှိပ်စက်ခံရသူအနေဖြင့် ရောဂါဝေဒနာကို မချိမဆန့်ခံစားရခြင်း၊ အလုပ် အကိုင် မလုပ်နိုင်သဖြင့် လုပ်ငန်းနှောင့်နှေးကြရခြင်း၊ ဝင်ငွေထိခိုက်ခြင်း များ ဖြစ်ပွားရသည်။ဤစာအုပ်၏ ထူးခြားချက်မှာ ငွေကုန်ကြေးကျခံ၍ ဆေးဝါးများ ရှာဖွေ စားသောက်နေရခြင်း၊ ဆေးထိုးရခြင်းမှ သက်သာပြီး “ဆေး လည်းအစာ၊ အစာလည်းဆေး”ဆိုသကဲ့သို အစားအစာများကို စနစ် တကျတွဲဖက်၍ စားသုံးခြင်းဖြင့် ရောဂါကင်းရှင်းပြီး ကျန်းမာရွှင်လန်း ခြင်းအဖြစ်သို ကိုယ်တွေ့ပိုဆောင်ပေးခဲ့သည်ကို တွေ့ရှိရပေသည်။ အထူးသဖြင့် တောရွာတွင် နေထိုင်ကြသောလူများသည် ရောဂါဖြစ်ပွား လာပါက ဆေးဝါးအခက်အခဲကြောင့် အသက်မသေသင့်ဘဲ သေဆုံးရ ခြင်း၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားကြခြင်းများ ရှိနေရာမှ ဤ စာအုပ်ပါ အကြံကောင်း နည်းလမ်းကောင်းများကို ဂရုစိုက်လေ့လာ၍ကျင့်ကြံအားထုတ်ခြင်းပြုကြလျှင် မိမိတို၏ ကျန်းမာရေးမှာ စိတ်ချနိုင် စရာရှိပေသည်။ အချုပ်အားဖြင့် ဤစာအုပ်ကို ဝယ်ယူဖတ်ရှု၍ အကျိုး တစ်ခုခု ရရှိပြီဟုဆိုလျှင် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး စာရေးသူ လည်း ရေးရကျိုးနပ်၍ ထုတ်ဝေသူလည်း ထုတ်ဝေရကျိုးနပ်ပြီဟု အားတက်မိခြင်း ဖြစ်ပါသတည်း။
ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ...။
စာမျက်နှာ
136
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18.6 × 13.2 cm
ISBN
-