
စုံထောက်ဦးစံရှား ရုပ်ပြဇာတ်လမ်းများ-၁
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
စာရေးဆရာကြီး ရွှေဥဒေါင်း၏ ဝတ္ထုဇာတ်လမ်းများကို ရုပ်ပြရေးဆွဲစီစဉ်ခြင်း
မြန်မာဝတ္ထုတိုများရဲ့ အစောဆုံးစာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ ဝတ္ထုတိုလက်ရာများမှာ စုံထောက်မောင်စံရှား၊ စုံထောက်ဦးစံရှားဝတ္ထုများက ထင်ရှားသလို ပင်ကိုရေး ဆန်းကြယ်ထွေပြား လူ့သဘာဝ လူ့လောက နောက်ခံဝတ္ထုတိုများကလည်း တစ်ဘာသာ ထူးခြားကောင်းမွန်ပြီး နှစ်ပေါင်း ၁ဝဝ နီးပါးတိုင် ယနေ့ထိ စွဲစွဲမက်မက် ဖတ်ရှုနေရဆဲဖြစ်ပါတယ်။ မြန်မာစာပေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ဆရာကြီးရဲ့ လက်ရာမွန်များကို ကလေးများ၊ လူငယ်များအတွက် ရုပ်ပြလက်ရာများဖြင့် တစ်ဘာသာ ဖန်တီးထုတ်ဝေခြင်းဟာလည်း စာဖတ်ကျင့် ပျိုးထောင်ရာမှာ လိုအပ်လိမ့်မယ်လို့ ယူဆကြတဲ့အတွက် စုံထောက်ဝတ္ထုတိုများကိုရော၊ လူ့သဘာဝ လူ့လောကနောက်ခံ ဝတ္ထုများကိုပါ ရုပ်ပြအတွဲများအဖြစ် ထုတ်ဝေသွားနိုင်ဖို့ စတင်စီစဉ်လိုက်ခြင်းဖြစ်ပါတယ်။ ယခင်က ပန်းချီဆရာ အကျော် – ဆရာဝသုန် ရဲ့ လက်ရာများကို တမ်းတရင်း ယခုလူငယ်ပန်းချီဆရာများက ဇာတ်ညွှန်း ကိုဝေသာရဲ့ အကူအညီနဲ့ ကြိုးစားတင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။
ယခုစာအုပ်တွင်
၁။ ကြိုးကြာကန်ရွာ လူသတ်မှုတွင် မောင်စံရှား စုံထောက်ပုံ ၁၉၁၇၊ ဧပြီလထုတ် သူရိယမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၂) ၌ စတင်ဖော်ပြခဲ့ သည်။]
၂။ စုံ ထောက်ဦးစံရှားနဲ့ ခြေကျိုးငကြိုင်
၁၉၁၇၊ သြဂုတ်လထုတ် သူရိယမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆)တွင် “လူတစ်ယောက် ပျောက်ဆုံးမှု”အမည်ဖြင့် ဖော်ပြခဲ့သည်။]
တို့ ပါဝင်ပါတယ်။
စာမျက်နှာ
198
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
25.8 × 18.5 cm
ISBN
-