
ကျွန်တော် ဗြူရိုကရက်
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
လူ့အကြောင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဝံသာနု စိတ်ဓာတ်ခံရှိနေတဲ့ အရာရှိတစ်ယောက်ရဲ့ နှစ်ပေါင်း ၃ဝ ခရီးကတော့ သာပြီး စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီနှစ်ပေါင်း ၃ဝ ကလည်း ခေတ်မီတဲ့ ရုပ်ရှင်ကားပေါ်မှာ အပြောင်းအလဲမြန်သလို အမျိုးမျိုး ပြောင်းခဲ့တာမို့ တကယ့်သမိုင်းကဏ္ဍပဲလို့ ဆိုရမှာပဲ။ ၁၉၂၂ ခုနှစ်က ၁၉၅၂ ခုနှစ်တစ်ဝိုက်အထိ တိုင်းပြည်မှာ ကြုံတွေ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ပြဿနာ မျိုးစုံကို ဒီစာအုပ်ထဲမှာ တွေ့ကြရပါမယ်။ ကျောင်းသုံးသမိုင်းစာအုပ်လို သဘောထားပြီး ဖတ်ဖို့တော့ မဟုတ်ပါဘူး။ အဲဒီလိုဖတ်ဖို့လည်း မလိုပါဘူး။ ရိုးရိုး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ပဲ ဖတ်သွားပါ။ စာဖတ်သူများ သိလို၊ မှတ်လိုတာတွေ အများကြီး တွေ့ကြပါ လိမ့်မယ်။ လုပ်ရင် လုပ်သလို၊ မလုပ်ရင် မလုပ်သလို၊ ကြိုးစားရင် ကြိုးစားသလို၊ မကြိုးစားရင် မကြိုးစားသလို၊ လူတိုင်း လူတိုင်းဟာ သမိုင်းထဲက လူတစ်ယောက်ပဲပေါ့။
စာမျက်နှာ
375
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
6th Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ