
သူလိုကိုယ်လို မောင်ဝဏ္ဏ (အတွဲ ၁+၂)
စာရေးသူ - မောင်ဝဏ္ဏ
အကျဉ်းချုပ်
ဒီစာစုကို ရေးတဲ့အခါမှာ ကျွန်တော့် အမှိုက်တောင်းဦးနှောက်နဲ့ အတွေ့အကြုံကို အရင်းအတိုင်း ဖွင့်ရေးတာပါ။ အငြိုးအတေးမှန်သမျှ ဖျောက်ထားပါတယ်။ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် လူတစ်စုကို ထိခိုက် စေချင်တဲ့ စေ့ဆော်တိုက်တွန်းမှု စေတနာ မပါပါဘူး။ ကျွန်တော်ဟာ ရိုးရိုးလူပဲဆိုတော့ တစ်ခါတလေလည်း အတ္တနောမတိတွေ ပါသွားပါ လိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော့် သူလိုကိုယ်လိုမောင်ဝဏ္ဏ ကို ဖတ်တဲ့ အခါ အမှိုက်ပုံလို့ ထင်တာတွေ ပစ်ပယ်လိုက်ပြီး ကိုယ့်ဘဝအတွက် အသုံး တည့်မယ်ထင်တာကို ရွေးနုတ်ယူစေချင်ပါတယ်။ တွေ့ကြုံတာကို အရင်း အတိုင်း ရေးပါတယ်။ သူတစ်ပါးထိခိုက်မှုမရှိအောင်တော့ ကြိုးစားထား ပါတယ်။ ဥပမာ အခုစာအုပ်မှာ ကျွန်တော့်ငယ်ချစ်ဦးအကြောင်း မရေးရ မနေနိုင်လို့ ရေးလိုက်ပါတယ်။ ဒါပေမဲ့ သူ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး စောင့်ရှောက်ဖို့ ဝတ္တရားရှိတဲ့အတိုင်း ဘယ်သူ၊ ဘယ်ဝါ၊ ဘာညာ၊ ဘာတွေ ဖြစ်ဆိုတာ အားလုံးရှောင်လိုက်ပါတယ်။ စာဖတ်သူအတွက်လည်း အကျိုး မရှိ၊ ကျွန်တော်နဲ့ သူအပါအဝင် ကာယကံရှင်တွေအတွက်လည်း စိတ် အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။
စာမျက်နှာ
416
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 15 cm
ISBN
978-9-997-13351-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Non-Fiction
အမျိုးအစားခွဲများ
သုတ