
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (တတိယတွဲ)
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
ကျွန်ုပ်၏မှတ်တမ်းမှာ အတ္ထုပ္ပတ္တိသက်သက် မဟုတ်၊
အတွေးအခေါ်များလည်း ထည့်သွင်းဖော်ပြပါရှိ၏။ ကျွန်ုပ်၏အတွေးအခေါ်များမှာလည်း အခြောက်တိုက် ဗလာသက်သက်
ရော်ရမ်းမှန်းဆသည့် အတွေးအခေါ်အမျိုးအစား မဟုတ်၊ ကိုယ်တိုင်ကြုံတွေ့သည့် အဖြစ်အပျက် အခြင်းအရာများ အပေါ်တွင် အခြေတည်ကာ လွတ်လပ်စွာ တွေးခေါ် တင်ပြထားခြင်းမျိုး ဖြစ်ပါသောကြောင့် ကျွန်ုပ်ယူဆသည့်အတိုင်း “တစ်ချက်လွှတ်” လက်ခံနိုင် လက်မခံနိုင် အပထား၍ ဟုတ်လောက်သင့် မဟုတ်လောက်သင့်ကို စဉ်းစားဆင်ခြင်စရာ
အခြင်းအရာမျိုး မြောက်မြားစွာ ပါရှိသည်ဟု
မျှော်လင့်ပါသည်။ လွန်ခဲ့ပြီးသော ခေတ်များကမူ မိရိုးဖလာ အယူအဆနှင့် ကွဲလွဲခဲ့လျှင် ပရိသတ်သို တင်ပြရန်ပင် ခဲယဉ်းခဲ့သည်ဖြစ်ရာ ဤခေတ်တွင်မူကား ကိုယ်ပိုင်ဉာဏ်ဖြင့် နှိင်းချိန် ဆုံးဖြတ်ရဲသည့် စာဖတ်ပရိသတ် တိုးတက် များပြားလာသည်ဟု ယုံကြည်သည့် အလျောက် စွန့်စားတင်ပြလိုက်သော အတွေးအခေါ်များလည်း ပါရှိပါသည်။
ရွှေဥဒေါင်း
စာမျက်နှာ
1132
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
978-9-997-13780-7
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဒဿန