
သတင်းစာများ ပြောပြတဲ့ စစ်တွင်းဗမာပြည် (ဒုတိယတွဲ)
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
ဒေါက်တာ ဘမော်ရဲ့ ကမ္ဘာ့သမိုင်းစစ်ပွဲတွေမှာ လူမျိုးရေးစစ်ပွဲအဖြစ် ပြောကြားတဲ့ မိန့်ခွန်းတွေဟာလည်း လူတန်းစားသဘောသဘာဝကို အစဖျောက်ချင်ဟန် ရှိတယ်။ မြန်မာ့အလင်းထဲမှာပါတဲ့ ဇဝနရဲ့ “ပြောစမ်းပါရစေ” ဆောင်းပါးများ ကလည်း သတင်းစာထဲမှာ သတင်းအဖြစ်မဖော်ပြခဲ့တဲ့ လူမှုဘဝ အခြေအနေမျိုးစုံ ပါဝင်တဲ့အတွက် အဲဒီခေတ်အခါရဲ့ လူမှုအခြေအနေတွေကို လေ့လာနိုင်တယ်။ ဒီကာလတွေအတွင်းမှာ အရင်က ပီပီပြင်ပြင်မရှိခဲ့သေးတဲ့ စာရေးဆရာအသင်း၊ ရုပ်ရှင်အသင်းတွေ ပေါ်ပေါက်လာတာကိုလည်း မှတ်သားကြရပါမယ်။ တစ်ချိန်က ‘ပုလိပ်’လို့ခေါ်ရာကနေ ‘ရဲ’လို့ အခေါ်အဝေါ်ပြောင်းလာပုံကလည်း မှတ်သား စရာပါ။ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးဖို့ အခြားနိုင်ငံရေးပါတီတွေ ပေါင်းစည်း လိုက်ရပုံလည်း ဒီစာအုပ်ထဲမှာ စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ အဲဒီခေတ်ကတော့ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အာဏာရှင်စနစ် ကျင့်သုံးတယ်ဆိုတာ ရှက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာဖြစ်နေတာကလည်း ‘သူ့ခေတ်နဲ့ သူတွင်ကျယ်” လို့ဆိုရမှာ ဧကန်ဖြစ်ပါတယ်။
စာမျက်နှာ
351
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
24 × 15 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
နိုင်ငံရေး
အမျိုးအစားခွဲများ
သုတ